APM၊ စပ်တမ်ဘာ ၁၂ / ၂၀၂၃
စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရူဘီလက်စ်စွာ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲမာ အနိုင်ရခလို့ နိုင်ငံလက်ရွီးစင် ကဇတ်သမား ဟာမိုဆိုနှုတ်ခမ်းကို နမ်းခရေနောက်ဆက်တွဲပြဿနာတိကြောင့် ရာထူးကနီနှုတ်ထွက်လိုက်ဗျာယ်လို့ စပ်တမ်ဘာ ၁၁ ရက်နိ မာ စပိန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာပါရေ။
စပိန်လက်ရွီးစင်တိုက်စစ်မှူး ဟာမိုဆိုအပေါ် မသင့်လျော်ရေအပြုအမူလုပ်ခလို့ နိုင်ငံရီးသမားတိနန့် ဘောလုံးသမားတိ စုဝေး ဆန္ဒပြပနာ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရူဘီလက်စ်ကို ရာထူးကနှုတ်ထွက်ပီးဖို့ ထပ်တလဲလဲ တောင်းဆိုမှုတိကြောင့် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် FIFA က သူ့ကိုတာဝန်မှ ၃ လ ယာယီရပ်နားထားခပါရေ။
ရူဘီလက်စ်က ယင်းအနမ်းစွာ နှစ်ဖက်အပြန်အလှန်အနမ်း ဖြစ်တေလို့ပြောပနာ ရာထူးကနုတ်ထွက်ဖို့ အကြိမ်ကြိမ် ငြင်းခရေအတွက် ကဇတ်သမားဖက်က လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အကျပ်ကိုင်မှုနန့် စပိန်တရားရုံးချုပ်သို့ တိုင်းကြားခါ ရာထူးက နှုတ်ထွက်ခစွာဖြစ်ပါရေ။
ရူဘီလက်စ်က ဒေဂုပိုင် ဖီဖာက တာဝန်ရပ်ဆိုင်းထားစွာနန့် တခြားအမှုဖွင့်အရေးယူမှုတိလုပ်ပြီးကေ ကျနော့်အနီနန့် ရာထူး ပြန်ရနိုင်ဆိုစွာမသေချာပါဗျာယ်။ ရာထူးကို စောင့်ဆိုင်းပနာ ဆုပ်ကိုင်ထားစွာက အဖွဲ့ချုပ်အတွက်ပါ စပိန်ဘောလုံးအသင်း အတွက်ပါ ကောင်းရေအရာတော့မဟုတ်ပါ လို့ ဆိုပါရေ။
အသက် ၄၆ နှစ်အရွယ် ရူဘီလက်စ် စွာ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးအပြင် ယူအီးအက်ဖ်အေ၏ အမှုဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ရာထူးကပါ နှုတ်ထွက်လားခပါရေ။
Source Luis Rubiales resigns as president of Spanish FA over Jenni Hermoso kiss
Photo Axios