
APM၊ စပ်တမ်ဘာ ၁၂/ ၂၀၂၃
လစ်ဗျားနိုင်ငံ အရှိပိုင်းမာ စပ်တမ်ဘာ ၁၁ ရက်နိက ဒန်နီရယ်မုန်တိုင်းဝင်တိုက်မှုကြောင့် မိုးပြင်းပြင်းထန်ထန်ရွာပြီးကေ ရီကြီးမှုဖြစ်ပေါ်ခရာ လူ ၂၀၀၀ လောက် သီလားပနာ လူ ထောင်ချီပျောက်နီရေလို့ အာဏာပိုင်များက ဆိုပါရေ။
မိုးကြီးမှုကြောင့် ဒါနာမြို့မာ မြို့အထက်ဟိ ရီကာတာတိကျိုးပေါက်ခစွာမာ လူနီအိမ်ရပ်ကွက်တိ ရီလွမ်းလားပြီး အနည်းဆုံး လူ ၂၀၀၀ လောက် သီပနာ လူ ၅၀၀၀ က ၆၀၀၀ ကြား ပျောက်ဆုံးနီရေလို့ လစ်ဗျားအရှိပိုင်းကို ထိန်းချုပ်ထားရေ လစ်ဗျားအမျိုးသား တပ်မတော် (LNA) ပြောခွင့်ရ Ahmed Mismari က ပြောပါရေ။
Ahmed Mismari က ရီကာတာ ၂ခု ကျိုးပေါက်ခစွာကြောင့် ဒါနာမြို့တခုလုံး ရီလွှမ်းလားပြီးကေ ဒေသခံတိ ရီစီးနန့် ပင်လယ်ထဲကို မျောပါလားရေလို့ ရုပ်မြင်သံကြား သတင်းစာယှင်းလင်းပွဲမာ ပြောပါရေ။
ပြီးခရေ သီတင်းပတ်က ဂရိကို ဝင်တိုက်ခရေ ဒန်နီရယ်မုန်တိုင်းစွာ စပ်တမ်ဘာ ၁၀ ရက်နိက မြီထဲပင်လယ်ကို ဖြတ်ပနာ လစ်ဗျားနိုင်ငံ ဒုတိယအကြီးဆုံးမြို့ဖြစ်တေ ဘန်ဂါဇီမြို့အပါအဝင် ကမ်းရိုးတန်းတလျောက် ဒေသတိကို ဝင်တိုက်ခစွာပါ
ယင်းအထဲက ဒါနာမြို့စွာ လူအသီအပျောက်အများဆုံးနန့် အဆောက်အအုံတိ၊ လမ်းတိ ပျက်စီးမှု အဆိုးရွားဆုံး ဖြစ်ပါရေ။
လစ်ဗျားနိုင်ငံမာ စင်ပြိုင်အုပ်ချုပ်နီရေ အစိုးရနှစ်ရပ်စလုံးက အဆိုပါ အဖြစ်အပျက်ဆိုးအတွက် သုံးရက်ကြာ ဝမ်းနည်း ကြေကွဲ ခြင်းနိအဖြစ် ကြေညာခပနာ ဖီးဒဏ်သင့်ဒေသတိကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားပါရေ။
ကုလသမဂ္ဂက လစ်ဗျားအတွက် အရေးပေါ်ကယ်ဆယ်ရီးအကူအညီတိပီးပို့ဖို့လို့ ပြောကြားခရေပိုင် ကာတာနိုင်ငံကလည်း လစ်ဗျားသို့ လိုအပ်တေ အရေးပေါ်အကူအညီတိပီးပို့လားဖို့လို့နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခပါရေ။
Source – Libya flood leaves 2,000 dead and thousands missing
Photo Libyan Government


