APM၊ စပ်တမ်ဘာ ၁၂ / ၂၀၂၃
ဒေလ(စပ်တမ်ဘာ၂ ပတ်)အတွင်း တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၄၃၄ ယောက် စီလွှတ်ခကြောင်း ဆိုးလ်မြို့ဟိ မြန်မာသံရုံးထုတ်ပြန်ချက်အရ သိရပါရေ။
မြန်မာလုပ်သားတိကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကနီ EPSစနစ် နန့် တောင်ကိုရီးယားသို့ စက်တင်ဘာ ၅ရက်နိမာ ၁၄၂ ယောက် ၊ စက်တင်ဘာ ၆ ရက်နိမာ ၁၄၅ ယောက် နန့် ဒေနိ(စမ်တပ်ဘာ ၁၂ ရက်နိ)မာ ၁၄၇ ယောက် အသီးသီး လွှတ်ခရေလို့ ဆိုပါရေ။
တောင်ကိုရီးယားသို့ ပြီးခရေ ဂျူလိုင် နန့် သြဂတ်စ်လ ရို့ကလည်း ၂ လပေါင်း မြန်မာလုပ်သားပေါင်း ၂၀၀၀ ကျော်ကို စီလွှတ်ခပါသိမ့်ရေ။
မြန်မာပြည်မာ စစ်တပ်က အာဏာသိမ်းပြီးရေနောက်ပိုင်း တိုင်းပြည် မငြိမ်မသက်မှုနန့် အလုပ်အကိုင်ယှားပါးမှုများကြောင့် ပြည်ပသို့ ထွက်ခွာရေလူတိ တရက်ထက်တရက် ပိုလို့ များလာနီရေလို့ သိဟိရပါရေ။
Photo – Myanmar Embassy, Seoul