APM၊ စပ်တမ်ဘာ ၁၂/၂၀၂၂
စပ်တမ်ဘာ ၁၁ ရက်နိ၌လေ့ ကျောက်ဖြူမြို့မှ ရက္ခိုင့်တပ်တော်နန့် လုံးဝမပတ်သက်သော အပြစ်မဲ့အရပ်သားပြည်သူ နောက် တယောက်ကို AA နန့် ပတ်သက်သည်ဟု တသိတမင် မတရားစွပ်စွဲလျက် စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးခေါ်ဆောင်လားခကြောင်း သိရသည်။
မတရားအဖမ်းခံရသူမှာ ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်မှ သာမန်အရပ်သားပြည်သူကိုဖြိုးမင်းထွန်း(ခ)ကိုဖြိုး(၂၉နှစ်) ဖြစ် သည်။
စပ်တမ်ဘာ ၁၁ ရက်နိ ညည့် ၁၁ နာရီခန့်က ကျောက်ဖြူ အခြီစိုက် စစ်ကောင်စီတပ် ခလရ (၃၄) တပ်ရင်းမှ ဗိုလ်မှူး ထက်အောင် ကျော် ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၁၅ ယောက်ခန့်က ရပ်ကွက် ထဲသို့ ဆိုင်ကယ် များဖြင့်ဝင်ရောက်လာပြီး ကိုဖြိုး၏နီအိမ်ကို ဝိုင်းဝန်းစီးနင်းဝင်ရောက်ကာ ကိုဖြိုးအား ဖမ်းဆီးရိုက်နှက် ခေါ်ဆောင်လားခခြင်း ဖြစ်သည်။
စပ်တမ်ဘာ ၁၀ ရက်နိကလေ့ ကျောက်ဖြူမြို့၊ ကလဘာတောင်ရပ်ကွက်မှ ကိုဝင်းအောင်(၂၉နှစ်)၊ ဦးတင်ညွန့်(၄၃နှစ်)နန့် ရခိုင် ပိုက်ဆိပ်ရပ်ကွက် (ဆားပြင်ကွင်း)မှ ဦးစိုးဝင်းနိုင်(ခ)ဘက်ကာဒေါင်း(၃၁နှစ်) ရို့ကို စစ်ကောင်စီတပ် ခလရ (၃၄) တပ်ရင်းမှ မတရားဖမ်းဆီးခေါ် ဆောင်လားခသည်။
ယင်းအပြင် စပ်တမ်ဘာ ၇ ရက်နိကလေ့ စေတီတောင်ရပ်ကွက်မှ ကိုဝင်းနိုင်(၂၉နှစ်)၊ အစိုးရရပ်ကွက်မှ ဆလိုင်းကိုအေး(ခ)ကစိ (၄၃နှစ်) နန့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးဦးဘသန်း (၄၂နှစ်) ရို့ ၃ ယောက်ကိုလေ့ ယင်းစစ်ကောင်စီတပ်က ဖမ်းယူလားခပါသိမ့် သည်။
လက်ဟိတွင် ၄ ရက်အတွင်း ကျောက်ဖြူမှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် အပြစ်မဲ့ အရပ်သားပြည်သူ ၇ ယောက်အထိ ဟိလာနီပြီး၊ သူရို့အားလုံးကို ခလရ (၃၄) တပ်ရင်း၌ ထိန်းသိမ်းထားကာ လူမဆန်စွာ ရက်ရက်စက်စက်ရိုက်နှက် စစ်ဆီးနီကြောင်း သတင်းရဟိပါသည်။
(Zawgyi)
ကျောက်ဖြူမှ အပြစ်မဲ့ အရပ်သားပြည်သူ နောက် တယောက်ကို စစ်ကောင်စီ ထပ် ဖမ်းပြန်
APM၊ စပ်တမ်ဘာ ၁၂/၂၀၂၂