
APM ၊ ဩဂတ်စ် ၁၂ / ၂၀၂၃
မိုးအဆက်မပြတ်ရွာသွန်းမှုနန့်အတူ ရီတိုက်စားမှုကြောင့် ပျက်စီးနီသည့် ကျောက်ပန်းဒူ- စေတီပြင်လမ်း အား အယင်ဆုံးပြုပျင်ပီးရန် ဒေသခံများနန့် ကားသမားများလိုလားနီကြောင်းသိရသည်။
ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင် နန့် စစ်တွေ သို့ ဖောက်လုပ်ဆက်သွယ်ထားသည် အဆိုပါလမ်းသည် ဒေသခံပြည်သူများနန့် ကုန်ကားသမားများအဓိက မှီခိုအားထားလားလာနီရသည့် လမ်းတခုဖြစ်ပြီး လက်ဟိ ရီတိုက်စားမှုကြောင့် ၂ မိုင်လောက်ပျက်စီးလျက်ဟိသည်။
ယင်းသို့ လမ်းပျက်စီးနီ၍ ကားသမားများမှာဖြတ်သန်းလားလာရာ၌ ကားဘီးများချော်ပြီးအသက်အန္တရာယ်ထိစိုးရိမ်ရသည့် အခြေအနီထိကြုံတွိနီရသည်ဟု ဆိုသည်။
ယင်းအပြင် ဒေသခံပြည်သူများ လားလာရာ၌လေ့ အခက်အခဲကြုံနီရ၍ သက်ဆိုင်ရာမှ အယင်ဆုံးပြုပျင်ပီး ရန်လိုလားနီကတ်သည်။
အယင် ကျောက်ခင်းလမ်းဖြစ်သည့် အဆိုပါ ကျောက်ပန်းဒူ-စေတီပြင်လမ်းသည် ရီများတစစတိုက်စားခြင်း၊ ကားများအဆက်မပြတ်လားလာခြင်းများကြောင့် ရီဝပ်နီသည့်နီရာများ၌အဂုပိုင်ပျက် စီးခရခြင်းဖြစ်ကြောင်း သိဟိရသည်။
