
APM၊ ဩဂတ်စ် ၁၂/ ၂၀၂၃
စင်ကာပူနိုင်ငံသို့ အလည်အပတ်ရောက်ဟိနီသည့် တရုတ်နိုင်ငံခြားရီးဝန်ကြီး ဝမ်ယိနန့် စင်ကာပူ ဝန်ကြီးချုပ် လီချန်လွန်းရို့သည် ဩဂတ်စ် ၁၁ ရက်နိက နှစ်နိုင်ငံဆက်ဆံရီးတိုးမြှင့်ရန် တွိဆုံဆွေးနွေးခကတ်ကြောင်း သိရသည်။
တွိဆုံဆွေးနွေးရာတွင် ဝမ်ယိက တရုတ်-စင်ကာပူဆက်ဆံရီးကို ဘက်ပေါင်းစုံမိတ်ဖက်ဆက်ဆံရီး မြှင့်တင်ရန်နန့် နှစ်ဖက်အပြန် အလှန် အကျိုးဖြစ်ထွန်းစီသည့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်လားမည်ဟု ဆိုသည်။
စင်ကာပူနိုင်ငံသည် အရှိတိုင်း၏ စံတန်ဖိုးအမြင်နန့် ခေတ်မီအသွင်ပြောင်းရီးတွင် အောင်မြင်ဖွံဖြိုးသည့်နိုင်ငံဖြစ်ကြောင်းနန့် တရုတ်နိုင်ငံအနီနန့် စင်ကာပူ ဆက်လက်ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းကို ထောက်ခံအားပီးမည်ဖြစ်သည်ဟု ဝမ်ယိက ဆက်လက်ပြောကြားခသည်။
လီချန်လွန်းကလေ့ လီကွမ်ယုနန့် တရုတ်ဂေါင်းဆောင်များ ထားခသည့် စင်ကာပူ-တရုတ် ချစ်ကြည်ရီးကို လက်ဆင့်ကမ်းဆောင် ရွက်လားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းရီးကို တွန်းအားပီးဆောင်ရွက်လားမည်ဖြစ်ကြောင်းနန့် အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် ဘုံအကျိုးစီးပွားကို ရှာဖွီမည်ဟု ပြောကြားခသည်။
ယင်းအပြင် စင်ကာပူနိုင်ငံအနီနန့် အာဆီယံနန့်တတူ တရုတ်နိုင်ငံ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ ဒေသတည်ငြိမ် ဖွံဖြိုးတိုး တက်ရီးအတွက် ကာကွယ်ထိန်းသိမ်းမှုများကို ထောက်ခံသည်ဟု ပြောဆိုခကြောင်း သိဟိရသည်။
Source – Singapore Prime Minister Lee Hsien Loong and China’s Foreign Minister Wen Li hold talks
Photo AP
