APM ၊သြဂတ်စ် ၁၂ /၂ဝ၂၃
ဩဂတ်စ် ၇ ရက်နိက ဟွန်ဒါနန့် ဈီးဝယ်လားခရာမှ ပျောက်ဆုံးနီသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်း ဒေသခံတယောက်ရုပ်အလောင်းကို ဒေနိ(ဩဂတ်စ် ၁၂ ရက်နိ) မိုးထက ပြန်ရှာတွိခကြောင်း သိရသည်။
အလောင်းပြန်တွိရလူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းအထက်ပိုင်း ဝန်ဖိုက်ကျေးရွာက ဦးခိုင်ကျော်ထွန်း(၃၇နှစ်)ဖြစ်သည်။
ဦးခိုင်ကျော်ထွန်းသည် သြဂတ်စ် ၇ ရက်နိက သြရမရွာသို စျီးဝယ်ရန့် ဟွန်ဒါတစီးနန့် တယောက်တည်း ထွက်လား ခပြီးနောက်ပျောက်ဆုံး နီခြင်းဖြစ်သည်။
ဦးခိုင်ကျော်ထွန်းပျောက်လားသည့်နိမှစ၍ ဒေသခံ ရွာသူ၊ရွာသားများ ဝိုင်းဝန်းရှာဖွီခကတ်ရာ ဒေနိ မိုးထ ၁၀ နာရီလောက်က ရွာအနောက်ဖက်ဟိ ချောင်းကမ်းစပ်၌ ရုပ်အလောင်းကို ရှာတွိခသည်။
ဦးခိုင်ကျော်ထွန်း၏ ရုပ်အလောင်းကိုတော့ ဒေနိမိုးထ ၁၀ နာရီလောက်တွင် မိသားစုဝင်များက ရွာသင်္ချိုင်းသို့ ယူဆောင် သင်္ဂြိုလ်လိုက်ကြောင်းသိရသည်။