APM၊ ဩဂတ်စ် ၁၂/၂၀၂၂
ရက္ခိုင်ပြည်တွင် စစ်ကောင်စီတပ်မှ အတင်းအဓမ္မကင်းစောင့်ခိုင်းခြင်း၊ ယင်းကို အကြောင်းပြ၍ မတရားဖမ်းဆီး ငွေညှစ်ခြင်းများ အား အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)သို့ “မဖြစ်ဖြစ်အောင်”တိုင်တန်းကတ်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ် တော် ULA/AA မှ တိုက်တွန်းပြောဆိုလိုက်သည်။
ဩဂတ်စ် ၁၁ ရက်နိတွင် ကျင်းပပြုလုပ်ခသော ရက္ခိုင်ပြည်သူ့အစိုးရ၏ စတုတ္ထအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲ အဖွင့်မိန့်ခွန်း၌ ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဦးခိုင်သုခက “မြန်မာစစ်တပ်စွာ မတူကွဲပြားရေ လူမျိုးတိကြားမှာလေ့ ပြဿနာကြီးကြီးမားမားဖြစ်အောင် စနစ်တကျ ကြံစည် ကြိုးပမ်းနီစွာကို တွိရပါရေ။ မူဆလင်ရပ်ရွာတိမှာ အတင်းအဓမ္မ ကင်းစောင့်ခိုင်းစွာ၊ မတရား ဖမ်းဆီးရိုက်နှက်ငွေညှစ်စွာတိအပြင် ရပ်ရွာတိအနားမှာ စစ်ဆီးရီးဂိတ်တိဖွင့်ပနာ လားလာခွင့်ကန့်သတ်ပိတ်ပင်ထားစွာတိကိုလေ့ ဗြောင်ကျကျကျူးလွန်နီကတ်ပါရေ။ ဒေချင့်နန့်ပတ်သက်လို့ အနီးစပ်ဆုံးပြောရကေ ဂျူလိုင် ၁၇ ရက်နိကစလို့ စစ်တွေမြို့နယ်က ကယ်ဆယ်ရီးစခန်းတိအပါအဝင် မူဆလင်ရပ်ရွာအများစုမှာ မြန်မာစစ်တပ်က အတင်းအဓမ္မ ခြိမ်းခြောက်ကင်းစောင့်ခိုင်းစွာတိဟိရေပိုင် အလားတူ ရက္ခိုင်ပြည်က တခြားနီရာတိမှာလေ့ ပြည်သူတိကို အတင်းအဓမ္မ ကင်းစောင့်ခိုင်းစွာ၊ ကင်းမစောင့်စွာကို အကြောင်းပြလို့ ဖမ်းဆီးငွေညှစ်စွာ၊ ဧည့်စာရင်းကိုအကြောင်းလို့ ဖမ်းဆီးငွေညှစ်စွာတိကို တောက်လျှောက်လုပ်ဆောင်လို့ဟိနီပါရေ။ အတင်းအဓမ္မကင်းစောင့်ခိုင်းစွာရေ Forced Labour ဖြစ်တေအတွက် ပြည်သူတ်အနီနန့် ငြိမ်ခံမနီကတ်ဘဲ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး ILO သို့ (မဖြစ်ဖြစ်အောင်)တိုင်တန်းကတ်ပါ ” ဟုဆိုသည်။
ယင်းအပြင် လူအခွင့်အရီးလှုပ်ယှားဆောင်ရွက်နီသည့် HR, CSO အဖွဲ့အစည်းများအနီနန့်လေ့ ILO သို တိုင်တန်းနိုင်ရီးအတွက် အစွမ်းကုန် ဝိုင်းဝန်းကုညီပူးပေါင်းဆောင်ရွက်ပီးကတ်ဖို့ အထူးအကြံပြုတိုက်တွန်းကြောင်း ဦးခိုင်သုခ က ထည့်သွင်း ပြောကြားလား သည်။
(Zawgyi)
ရကၡိဳင္ျပည္တြင္ စစ္ေကာင္စီတပ္မွ အတင္းအဓမၼကင္းေစာင့္ခိုင္းျခင္း၊ ယင္းကို အေၾကာင္းျပ၍ မတရားဖမ္းဆီး ေငြညႇစ္ျခင္းမ်ားအား ILO သို႔ “မျဖစ္ျဖစ္ေအာင္”တိုင္တန္းကတ္ရန္ ULA/AA တိုက္တြန္း
APM၊ ဩဂတ္စ္ ၁၂/၂၀၂၂
ရကၡိဳင္ျပည္တြင္ စစ္ေကာင္စီတပ္မွ အတင္းအဓမၼကင္းေစာင့္ခိုင္းျခင္း၊ ယင္းကို အေၾကာင္းျပ၍ မတရားဖမ္းဆီး ေငြညႇစ္ျခင္းမ်ား အား အျပည္ျပည္ဆိုင္ရာအလုပ္သမားအဖြဲ႕(ILO)သို႔ “မျဖစ္ျဖစ္ေအာင္”တိုင္တန္းကတ္ရန္ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ ရကၡိဳင့္တပ္ ေတာ္ ULA/AA မွ တိုက္တြန္းေျပာဆိုလိုက္သည္။
ဩဂတ္စ္ ၁၁ ရက္နိတြင္ က်င္းပျပဳလုပ္ခေသာ ရကၡိဳင္ျပည္သူ႔အစိုးရ၏ စတုတၳအႀကိမ္ေျမာက္ သတင္းစာယွင္းလင္းပြဲ အဖြင့္မိန႔္ခြန္း၌ ULA/AA ျပန္ၾကားရီးတာဝန္ခံ ဦးခိုင္သုခက ယင္းသို႔ ေျပာၾကားလိုက္ျခင္းျဖစ္သည္။
ဦးခိုင္သုခက “ျမန္မာစစ္တပ္စြာ မတူကြဲျပားေရ လူမ်ိဳးတိၾကားမွာေလ့ ျပႆနာႀကီးႀကီးမားမားျဖစ္ေအာင္ စနစ္တက် ႀကံစည္ ႀကိဳးပမ္းနီစြာကို တြိရပါေရ။ မူဆလင္ရပ္႐ြာတိမွာ အတင္းအဓမၼ ကင္းေစာင့္ခိုင္းစြာ၊ မတရား ဖမ္းဆီး႐ိုက္ႏွက္ေငြညႇစ္စြာတိအျပင္ ရပ္႐ြာတိအနားမွာ စစ္ဆီးရီးဂိတ္တိဖြင့္ပနာ လားလာခြင့္ကန႔္သတ္ပိတ္ပင္ထားစြာတိကိုေလ့ ေျဗာင္က်က်က်ဴးလြန္နီကတ္ပါေရ။ ေဒခ်င့္နန႔္ပတ္သက္လို႔ အနီးစပ္ဆုံးေျပာရေက ဂ်ဴလိုင္ ၁၇ ရက္နိကစလို႔ စစ္ေတြၿမိဳ႕နယ္က ကယ္ဆယ္ရီးစခန္းတိအပါအဝင္ မူဆလင္ရပ္႐ြာအမ်ားစုမွာ ျမန္မာစစ္တပ္က အတင္းအဓမၼ ၿခိမ္းေျခာက္ကင္းေစာင့္ခိုင္းစြာတိဟိေရပိုင္ အလားတူ ရကၡိဳင္ျပည္က တျခားနီရာတိမွာေလ့ ျပည္သူတိကို အတင္းအဓမၼ ကင္းေစာင့္ခိုင္းစြာ၊ ကင္းမေစာင့္စြာကို အေၾကာင္းျပလို႔ ဖမ္းဆီးေငြညႇစ္စြာ၊ ဧည့္စာရင္းကိုအေၾကာင္းလို႔ ဖမ္းဆီးေငြညႇစ္စြာတိကို ေတာက္ေလွ်ာက္လုပ္ေဆာင္လို႔ဟိနီပါေရ။ အတင္းအဓမၼကင္းေစာင့္ခိုင္းစြာေရ Forced Labour ျဖစ္ေတအတြက္ ျပည္သူတ္အနီနန႔္ ၿငိမ္ခံမနီကတ္ဘဲ အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႕ႀကီး ILO သို႔ (မျဖစ္ျဖစ္ေအာင္)တိုင္တန္းကတ္ပါ ” ဟုဆိုသည္။
ယင္းအျပင္ လူအခြင့္အရီးလႈပ္ယွားေဆာင္႐ြက္နီသည့္ HR, CSO အဖြဲ႕အစည္းမ်ားအနီနန႔္ေလ့ ILO သို တိုင္တန္းႏိုင္ရီးအတြက္ အစြမ္းကုန္ ဝိုင္းဝန္းကုညီပူးေပါင္းေဆာင္႐ြက္ပီးကတ္ဖို႔ အထူးအႀကံျပဳတိုက္တြန္းေၾကာင္း ဦးခိုင္သုခ က ထည့္သြင္း ေျပာၾကားလား သည္။