APM ၊ ဂျူလိုင် ၁၂/၂၀၂၃
မုန်တိုင်းကြောင်း စခန်းတခုလုံးပျက်စီးဆုံးယှုံးခရသည့် ကျောက်တော်၊နီပူခံစစ်ဖီးယှောင်စခန်းတွင် စားနပ်ရိက္ခာနန့် အမိုးအကာများအရေးတကြီး လိုအပ်နီသည်။
ယင်းစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၄၀၇ စု နန့် လူဦးရေ ၁၈၁၀ ယောက်နီထိုင်လျက်ဟိပြီး မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ယင်းစခန်းဟိ ယာယီလူနီအိမ်များ အားလုံးပျက်စီးခရသည်။
မုန်တိုင်းတိုက်ခတ်ပြီး နှစ်လနီးပါးကြာလာသည့် လက်ဟိအချိန်ထိ ယင်းစခန်း၌ နီအိမ်များကို ပြန်မပျင်နိုင်သိမ့်၍ အိမ်အပြိုအပျက်များကြားမှ သုံး၍ရသည်များ ပြန်သုံးကာ ယာယီတဲထိုးလျက် ကုပ်ကပ်နီထိုင်နီကတ်ရသည်။
ယင်းကြောင့် နီအိမ်များပြန်လည်တည်ဆောက်ရန် အမိုးအကာ နန့်တခြားဆောက်လုပ်ရီးပစ္စည်းများ အရေးတကြီး လိုအပ်နီသည်ဟုဆိုသည်။
ယင်းအပြင် လက်ဟိအချိန်ထိ အရေးပေါ်အကူညီလာရောက် ပီးအပ်သည်များနည်းပါးနီ၍ စားနပ်ရိက္ခာများ ပြတ်လပ်ကာ စားသောက်ရီးအခက်အခဲများလေ့ ဆိုးဆိုးဝါးဝါးကြုံနီကတ်ရကြောင်း သိရသည်။