APM ၊ ဂျူလိုင် ၁၂ / ၂၀၂၃
မုန်တိုင်းကြောင့် ပျက်စီးလားသည့် ရသေ့တောင်မြို့နယ်၊ နံ့သာကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်ကို အချိန်မီ ပြုပျင် ထိန်း သိမ်းရန် လိုအပ်နီကြောင်း ဇီဝမျိုးစုံမျိုးကွဲနန့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ယှောက်ရီးအသင်းမှ သိရသည်။
ဧကနှစ်သောင်းကျော် ကျယ်ဝန်းသည့် အဆိုပါ အဏ္ဏဝါအမျိုးသားဥယျာဉ်သည် မုန်တိုင်းကြောင့် ကုန်းမြေဧရိယာ တဝက် လောက်ပျက်စီးလားခရသည်။
ယင်းအပြင် ဒီရီတောအများအပြားလေ့ ပျက်စီးလားခရ၍ ကျွန်းပေါ်သို့ လာရောက်ကျက်စားသည့် ယှားပါးသတ္တဝါများမှာ မဟိသလောက် နည်းပါးလားသည်ဟု ဆိုသည်။
ယင်းကြောင့် အဆိုပါ အဏ္ဏဝါ အမျိုးသားဥယာဉ်ကို အချိန်မီပြပျင်ထိန်းသိမ်းရန်လိုအပ်ပြီး အချိန်မီမပြုပျင်နိုင်ပါက ဂေဟ စနစ်ပျက်စီးလားနိုင်သည့်အပြင် လှိုင်းလုံးကြီးများဒဏ်ကြောင့် အနီးအနားပတ်ဝန်းကျင်ဟိ ကျေးရွာများမှာ ဆိုးရွားသည့် သဘာဝဖီးအန္တရာယ်ကို ခံရနိုင်ကြောင်းသိရသည်။
ရသေ့တောင်မြို့နယ်၊ နံ့သာကျွန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နိတွင် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခ ခြင်းဖြစ်သည်။