APM ၊ ဂျူလိုင် ၁၂ / ၂၀၂၃
ဗီယက်နမ်တွင် ကိုဗစ်ကာလ ကယ်ဆယ်ရီးလီယာဥ်ဗြီးဆွဲမှုများတွင် လာဘ်ပီးလာဘ်ယူမှုများနန့် တရားစွဲခံထားခသည့် အစိုးရတာဝန်ဟိသူ ၅၄ ယောက်ကို ဂျူလိုင် ၁၁ ရက်နိက ရုံးတင်စစ်ဆီးခသည်။
တရားစွဲဆိုခံထားရသည့်အရာဟိများထဲမှ ၂၁ ယောက်မှာ အစိုးရ၏ ကိုဗစ်ကာလ နီရပ်ပြန်လည်ခေါ်ယူရီး လုပ်ငန်းစဥ်များ အတွက် ကုမ္ပဏီပေါင်း ၁၀၀ ဘားက အမေရိကန်ဒေါ်လာ ၇ သန်းနီးပါးကို လာဘ်ယူခသည်ဆိုကာ တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။
အလားတူ တခြားတရားစွဲထားရလူ ၃၃ ယောက်မှာလေ့ လာဘ်ပီးလာဘ်ယူကိစ္စရပ်များကို ကြားဝင်ဆောင်ရွက်ပီးခြင်း၊ မမှန်မကန်ပြုမူခြင်း၊ လုပ်ပိုင်ခွင့်အလွဲသုံးစားပြုလုပ်ခြင်း အပါအဝင် အခြားစွဲချက်များနန့် ရင်ဆိုင်နီရကြောင်း သိရသည်။
လာဘ်ပီးလာဘ်ယူမှုဖြင့် တရားစွဲခံရသူများထဲတွင် ဟနွိုင်းမြို့ ဒုတိယမြို့တော်ဝန်ဟောင်း ချူဇန်ဒေါင်၊ ဂျပန်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ဟောင်း ဘူဟောင်နန်ရို့ပါဝင်ပြီး အစိုးရရုံး၊ နိုင်ငံခြားရီး ဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရီး ဝန်ကြီး ဌာန ၊ ကျန်းမာရီး ဝန်ကြီးဌာန၊ ပို့ဆောင်ရီး ဝန်ကြီးဌာနမှ အရာဟိများပါဝင်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
လာဘ်ပီးလာဘ်ယူမှုများ၌ ငွေပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ သန်းအထိဟိပြီး၊ တရား စွဲဆိုမှုများကို ယှောင်လွှဲနိုင်ရန် ရဲအရာဟိများကို ဒေါ်လာ ၂ ဒသမ ၆ သန်းခန့် လာဘ်ငွေထိုးခကြောင်းလေ့ ဖော်ပြထားသည်။
လာဘ်ပီးလာဘ်ယူမှုများသည် ၂၀၂၀ ခုနှစ်၊ စပ်တမ်ဘာလမှ ၂၀၂၂ ခုနှစ်၊ ဒီဇမ်ဘာလအထိ ဖြစ်ပွားခပြီး ဝန်ကြီးဌာနများ တွင် အလုပ်လုပ်ကိုင်နီသည့် လုပ်ငန်းကိုယ်စားလှယ်များနန့် လူပုဂ္ဂိုလ်အများအပြား ပါဝင်ခကြောင်း သိဟိရသည်။
Source – Trial opens for COVID-19 repatriation flight case/ Vietnam News
Photo – AFP