
APM ၊ ဂျူလိုင် ၁၂ /၂၀၂၃
မုန်တိုင်းကြောင့် ပျက်စီးခသည့် ပေါက်တောမြို့နယ်က စာသင်ကျောင်းအများစုမှာ အဂုချိန်ထိ မပြုပျင်နိုင်သိမ့်၍ ကျောင်းသား/ ကျောင်းသူများ စာသင်ကြားရန် အခက်ကြုံနီကတ်ရကြောင်း သိရသည်။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပေါက်တောမြို့နယ်၊ ငပြီကျွန်းသရက်တော အလယ်တန်းကျောင်း၊ မင်းဖောက်မူလတန်းကျောင်း၊ ဖဒူကြီးအလယ်တန်းကျောင်း၊ ကုလားသိမ်မူလတန်းကျောင်း၊ စိုးမဲကျီ အလယ်တန်းကျောင်း၊ ကြာကန်မူလတန်းရို့အပါအဝင် ကျေးရွာအများအပြား၌ စာသင်ကျောင်းများ ပြိုပျက်ခရသည်။
လုံးဝ ပြိုပျက်လားသည့် စာသင်ကျောင်းအများစု၌ လက်ဟိအချိန်ထိ ပြန်မပျင်နိုင်သိမ့်၍ ကျောင်းသား/ ကျောင်းသူများ သည် ကျောင်းစာသင်ယူခွင့်မရဖြစ်နီကတ်ရပြီး တချို့ ခေါင်မိုးလန်သားသည့်ကျောင်းများတွင် တာပေါ်လင်စများဖြင့် ယာယီဆောက်လုပ်ကာ စာသင်နီကတ်ရကြောင်း ကျောင်းသားမိဖများပြောသည်။
ကျောင်းသား/ကျောင်းသူ ၂၀၀ ကျော်ပညာသင်ကြားနီကတ်ရသည့် ငပြီကျွန်း သရက်တောရွာအလယ်တန်းကျောင်းမှာ မုန်တိုင်းကြောင့် ကျောင်းဆောင်တခုလုံး ပြိုပျက်လားပြီး အောက်ခံကွန်ကရစ်ရာကျန်ခကာ ပြန်မပျင်နိုင်သိမ့်၍ အဂုထိ ကျောင်းမဖွင့်ရသိမ့်ဟု ဆိုသည်။
တချို့ဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံများနန့် ဇရပ်များ၌ စာသင်ကြားနီကတ်ရသည်များလေ့ဟိပြီး စိုးမဲကျီရွာ အလယ်တန်း ကျောင်းဆိုလျှင် စာသင်ကျောင်း ပြိုပျက်လား၍ ရွာဇရပ်၌ အဖြတ်သုံးဖြတ်ခွဲကာ စာသင်နီကတ်ရသည်။
အဆိုပါစိုးမဲကျီရွာတွင် အိမ်ခြီ ၄၀၀ ကျော်ဟိပြီး ကျောင်းသူ/ကျောင်းသူ ဦးရေ ၂၈၀ ကျော် ဟိသည်။
ရက္ခိုင်ပြည်တွင် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် စာသင်ကျောင်းပေါင်း ၁၀၀၀ ကျော်ပျက်စီးခရပြီး အဆိုပါ စာသင်ကျောင်းများအား ပြန်ပြုပျင်ရန် အရေးတကြီးလိုအပ်နီကာ ကူညီကယ်ဆယ်ရီးအဖွဲ့များအပါအဝင် သက်ဆိုင်ရာ တာဝန်ဟိသူများက အယင်ဆုံးကူညီဆောင်ရွက်ပီးစီလိုကြောင်း ဆရာ/ဆရာမများနန့် ကျောင်းသားမိဖများက မိတ္တာရပ်ခံတောင်းဆိုနီကတ်သည်။

