
APM ၊ ဂျူလိုင် ၁၂ / ၂၀၂၃
အမေရိကန်တိုက်စစ်မှူး အဲလက်စ်မော်ဂန်က လာမည့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသည် အသင်းအရေအတွက် ၃၂ သင်းအထိ တိုးချဲ့ထား၍ ယှဉ်ပြိုင်နိုင်မှုနန့် ကြည့်ရှုမှု ပိုတိုးမြင့်လာမည်ဟု ပြောကြားလိုက်သည်။
“ဒေဂုကမ္ဘာ့ဖလားပြိုင်ပွဲက အယင်က နန့် မတူဘဲ အသင်း ၃၂ သင်း တိုးချဲ့ထားပါရေ။ ပြိုင်ဆိုင်မှုပြင်းထန်ပနာ လူကြည့် အများဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာပါဖို့” ဟု ၎င်းရို့၏ ပထမဆုံးလိကျင့်ရီးသင်တန်းတွင် ပြောဆိုခသည်။
ဩစတြီးယားနန့် နယူးဇီလန်မှ ပူးတွဲအိမ်သျှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ဂျူလိုင် ၂၀ ရက်နိ စတင်မည်ဖြစ်ပြီး အမေရိကန်အသင်းသည် ဂျူလိုင် ၂၂ ရက်နိတွင် ဗီယက်နမ်နန့် စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Source- American forward Morgan said the expanded World Cup will be more competitive/Reuters
Photo-Goal.com
