APM၊ ဂျူလိုင် ၁၂/ ၂၀၂၃
နေတိုးအဖွဲ၏အာသျှ-ပစိဖိတ်ဒေသသို့ချဲ့ထွင်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်လားမည်ဟု ဂျူလိုင် ၁၁ရက်နိတွင် တရုတ်နိုင်ငံက သတိပီးလိုက်သည်။
နေတိုး၏ထိပ်သီးအစည်းအဝေးကျင်းပအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် တရုတ်မှာ နေတိုးအဖွဲဝင်နိုင်ငံများ၏ အကျိုးစီးပွားနန့် လုံခြုံရီးကို အဓိကစိန်ခေါ်နီကြောင်း ဖော်ပြထားသည်။
နေတိုး၏ ကြေညာချက်အရ တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ ခြီရာခံမှုနန့် ပရောဂျက်ပါဝါကို တိုးမြှင့်ရန် ရည်ရွယ်၍ ကျယ် ပြန့်သည့်နိုင်ငံရီး၊ စီးပွားရီးနန့် စစ်ရီးဆိုင်ရာလက်နက်ကိရိယာများကို အ သုံးပြုနီသည်ဟု ဖော်ပြထားသည်။
တရုတ်၏ ယင်းလုပ်ကြံမှုများသည် နေတိုးမဟာမိတ်အဖွဲများအား ပစ်မှတ်ထားကာ မဟာမိတ်နိုင်ငံများ၏ လုံခြုံရီးကိုထိ ခိုက်စီကြောင်း၊ တရုတ်နန့် ရုသျှရို့နှစ်နိုင်ငံစလုံးသည် နိုင်ငံတကာ စည်းမျဉ်းများကို လျှော့ချရန် ကြိုးပမ်းနီကြောင်း နေတိုးက ဆိုသည်။
နေတိုး၏ အဆိုပါ ကြေညာချက်မှာ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ပုံဖျက်ကာ တရုတ်နိုင်ငံကို သိက္ခာချရန် တသိတမင် ရည်ရွယ်ကြိုးပမ်းနီခြင်းဖြစ်ပြီး၊ ကြေ ညာချက်အား ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချကြောင်း တရုတ်ဖက် က တုံပြန်ထားသည်။
Source – China promises ‘resolute response’ to any NATO expansion in Asia/ Aljazeera
Photo – Reuters