
APM ၊ ဂျူလိုင် ၁၂ / ၂၀၂၃
အင်ဒိုနီးသျှားနိုင်ငံမြောက်ပိုင်း၊ နာတူနာပင်လယ်တွင် တရားမဝင် ရီနံတင်သွင်းသည့် အီရန်အလံလွှင့် ရီနံတင်သင်္ဘောကြီး ၁ စီးကို အင်ဒိုနီးသျှားကမ်းခြီစောင့်တပ်ဖွဲက ဖမ်းဆီးရမိခကြောင်း ဂျူလိုင် ၁၁ ရက်နိတွင် ပြောကြားလိုက်သည်။
MT Arman 114 နာမည်ရ အဆိုပါရီနံတင်သင်္ဘောကို ပြီးခသည့် ဂျူလိုင် ၇ ရက်နိက ဖမ်းဆီးရမိခပြီး သင်္ဘောတွင် အမေ ရိကန်ဒေါ်လာ ၃၀၄ သန်းတန်ဖိုးဟိ ရီနံစိမ်း ၂၇၂,၅၆၉ မက်ထရစ်တန်ကို တင်ဆောင်လာကြောင်း အင်ဒိုနီးသျှား အာဏာပိုင် များက ဆိုသည်။
၎င်းသင်္ဘောသည် ခွင့်ပြုချက်မဟိဘဲ ကင်မရွန်းနိုင်ငံ အလံတပ်ထားသည့် တခြား ရီနံတင်သင်္ဘောတစီးသို့ ရီနံများလွှဲပြောင်း ပီးနီကြောင်းတွိရပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အရှိတောင်အာသျှနိုင်ငံများ၏ ရီကြောင်းလုံခြုံရီး အေဂျင်စီမှ အကြီးအကဲ Aan Kurnia ကဆိုသည်။
လက်ဟိတွင် သင်္ဘော၌ ပါလာသည့် အီဂျစ်လူမျိုး သင်္ဘော ကပ္ပတိန်တယောက်၊ သင်္ဘောသား ၂၈ ယောက်နန့် ခရီးသည် ၃ ယောက်ကို အင်ဒိုနီးသျှားအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားသည်။
၂၀၂၁ ခုနှစ်ကလေ့ အင်ဒိုနီးသျှားသည် တရားမဝင်ရီနံတင်သွင်း သည်ဟုဆိုကာ အီရန်နန့် ပနားမားအလံတပ် ရီနံ သင်္ဘော ၂စင်းကို သိမ်းယူခပြီး သင်္ဘော၌ပါသည့် ကပ္ပတိန်များကို ၂ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခသိမ့်သည်။
Source – Indonesia seizes Iranian-flagged tanker suspected of illegal oil transfer / Reuters
Photo – Reuters
