APM၊ ဂျူလိုင် ၁၂/ ၂၀၂၃
KIA ဌာနချုပ်တည်ရာ လိုင်ဇာဖက်သို့ မြန်မာစစ်တပ်က အင်အားအများအပြားသုံးလျက် ဆက်လက်ထိုးစစ်ဆင်နီကေလေ့ မြီပြင်တိုက်ပွဲ မဖြစ်သိမ့်ဘဲ နှစ်ဖက်စောင့်ကြည့်နီသည့် အခြေအနီမှာရာ ဟိနီသိမ့်ကြောင်း KIOပြန်ကြားရီးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “နန်ဆန်ယန်ဖက်တွင် မြန်မာစစ်တပ်ဖက်မှ လက်နက်ကြီးများပစ်နီကေလေ့ မြီပြင်တွင်တိုက်ပွဲများ ဖြစ်ပွားခြင်းမဟိသိမ့်ဘဲ မြန်မာ စစ်တပ်ဖက်က စစ်ကြောင်းများကို အင်အားတိုးချဲ့နီ၍ လက်ဟိတွင် နှစ်ဖက်စောင့် ကြည့်နီသည့် အနီအထား”ဟု ဆိုသည်။
မြန်မာစစ်တပ်သည် မြစ်ကြီးနားနန့် ဗန်းမော်ဖက်မှ စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်အား ၆၀၀ ကျော်ဖြင့် KIA ဌာနချုပ် လိုင်ဇာအနားသို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
မြန်မာစစ်တပ်က ထိုးစစ်ဆင်နီခြင်းမှာ ၎င်းရို့စွန့်လွှတ်ထားခရသည့် တပ်စခန်းများကို ပြန်လည်သိမ်းယူနိုင်ရန် ဖြစ်နိုင် ကြောင်း ဗိုလ်မှူးကြီး နော်ဘူက သုံးသပ်သည်။
မြန်မာစစ်တပ်ဖက်ကထိုးစစ်ဆင်လာခြင်းကြောင့် နန်ဆန်ယန်ရွာသားများ မြစ်ကြီးနားဖက်သို့ တိမ်းယှောင်ထွက်ဗြီးလားပြီး မြန်မာစစ်တပ် စစ်ကြောင်းနန့်ပါးသည့် ဗန်းမော်-နန်ဆန်ယန်ကားလမ်းတလျှောက်ဟိ ကျေးရွာများမှ တောင်ယာလုပ်ကိုင် သည့် ပြည်သူတချို့တော့ ဖီးလွတ်ရာသို့ တိမ်းယှောင်နိုင်ခြင်းမဟိဘဲ ပိတ်မိနီကတ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက သတင်းမီဒီယာများသို့ ပြောဆိုထားသည်။
Photo Kachin waves