
APM ၊ ဂျုန် ၁၂ / ၂၀၂၃
ပုဏ္ဏားကျွန်းတွင် ဒေနိ(ဂျုန် ၁၂ ရက်နိ)က မှိုစားမိရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခ၍ ကျောင်းသား/ ကျောင်းသူ ၃ ယောက် အပါအဝင် လူ ၁၃ ယောက်သည် ဆီးရုံတက်ရောက်ကုသမှုခံယူခရကြောင်းသိရသည်။
အဆိုပါ အစာအဆိပ်သင့်ခသူများမှာ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်မှ Gread-7 ကျောင်းသူ ၁ ယောက်နန့် ကျောင်းသား ၂ ယောက်အပါအဝင် ၅ ယောက်၊ စံပြရပ်ကွက်မှ ၄ ယောက်၊ နန့် ပုဏ္ဏားကျွန်းမြိုနယ်၊ သာစည်ရွာမှ ၄ ယောက်ဖြစ်သည်။
ယင်းအထဲမြို့သစ်ရပ်ကွက်နန့်စံပြရပ်ကွက်ရို့မှအစာအဆိပ်သင့်သူများသည် စျီးတွင်ရောင်းချသည့် မှိုကိုဝယ်ယူစားသောက် မိရာမှ အစာအဆိပ်သင့်မှုဖြစ်ခခြင်းဖြစ်ပြီး သာစည်ကျေးရွာမှ အစာ အဆိပ်သင့်သူ ၄ ယောက်မှာလေ့ ရွာတွင် ရောင်းချ သည့် မှိုကို စားမိရာက အဆိပ်သင့်ခခြင်းဖြစ်သည်။
လက်ဟိတွင် အဆိုပါ အစာအဆိပ်သင့်သူများအားလုံးကို ပုဏ္ဏားကျွန်းပြည်သူ့ဆီးရုံးကြီး အရေးပေါ် ပို့ဆောင် ဆီးကုခမှုခံယူ နီရကြောင်းသိရသည်။
ရက္ခိုင်တွင် လက်ဟိ မိုးဦးကာလဖြစ်၍ မှိုများပေါက်ရောက်ရာ အဆိုပါ မှိုများအတွင်မစားသင့် သည်များလေ့ ပါဝင်ပြီး ၎င်းမှိုများကိုစားမိလျှင်အစာအဆိပ်သင့်ကာ ဂေါင်းမူးခြင်း၊ အော့အန် ခြင်း၊ သတိလစ်ခြင်းစသည့် ရောဂါများဖြစ်တတ်သည့် အပြင် အခန့်မသင့်ပါက အသက်သီဆုံးလားသည်များလေ့ ဟိကြောင်း သိဟိရသည်။
