APM ၊ ဂျုန် ၁၂ / ၂၀၂၃
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရီးကောင်စီ (Interim Executive Council of Karenni State IEC)ကိုအပြုသဘောဆောင် ကြိုဆိုကြောင်း ရက္ခိုင့်တပ်တော် AA ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ကိုးကန့် MNDAA၊ တအာင်း TNLAနန့် ရက္ခိုင့်တပ်တော် AA ရို့က ဒေနိ( ဂျုန် ၁၂ ရက်နိ)ရက်စွဲနန့် ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ပီးပို့လိုက်သည်။
သဝဏ်လွှာ၌ “ကရင်နီလူမျိုးသည် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၉ ရက်နိတွင်စတင်ဖွဲ့စည်းခပြီး နောက် ကရင်နီပြည်၊ ကြားကာလအုပ်ချုပ်ရီးကောင်စီ ကို ၂၀၂၃ ခုနှစ်၊ ဂျုန် ၁၂ ရက်နိတွင် ဖွဲ့စည်းခသည်ကို ကြားသိရပါ သည်။ တော်လှန်ရီးကာလအတွင်း အခြေအနီနန့် လိုက်လျောညီထွေစွာ ကြားကာလအုပ်ချုပ်ရီးကောင်စီကို ဖွဲ့စည်းနိုင်ခြင်း သည် ကရင်နီလူမျိုးမှနောက်ထပ်ခြီလှမ်းသစ်တခုအားရဲဝံ့စွာလှမ်းလိုက်ခြင်းဖြစ်၍ဤလုပ်ရပ်အပေါ် မိမိရို့မှ အပြုသဘော ဖြင့် ကြိုဆိုပါသည်” ဟု ဖော်ပြထားသည်။
ယင်းအပြင် မြန်မာပြည်အတွင်းဟိတိုင်းရင်းသားလူမျိုးအသီးသီးရို့သည် မိမိလူမျိုးကို မိမိရို့လူမျိုးများဖြင့် ဖွဲ့စည်းထားသော ကာကွယ်ရီးတပ်ဖြင့် အကာအကွယ်ပီးနိုင်ရီး၊ သယံဇာတနန့် အခွန် ဘဏ္ဍာများကို ကိုယ်တိုင်စီမံခွင့်ရဟိရရီး၊ ပြည်သူ့ဝန် ဆောင်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရီး၊ ကျန်းမာရီး၊ ပညာရီး၊လမ်းပန်းဆက်သွယ်ရီးနန့် ဒေသဖွံ့ ဖြိုးတိုးတက်ရီးရို့ အပါအဝင် အမျိုးသားတန်းတူရီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်ရဟိရီး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင် ရီးရို့အတွက် စစ်ရီး၊ နိုင်ငံရီး နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ဟိကတ်သည်မှာ နှစ်ပေါင်း (၇၀) ကျော် ကြာမြင့် ခပြီးဖြစ်ကြောင်းလေ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က ဆိုသည်။
“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နိ နောက်ပိုင်းမှစ၍ ပြောင်းလဲလာသော မြန်မာ့နိုင်ငံရီးအပြောင်းအလဲထဲတွင် အဖွဲ့အစည်း အသစ်များ ပေါ်ပေါက် လာခြင်းနန့်အတူ နဂိုကဟိပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများသည် မိမိရို့အဖွဲ့ အစည်း၏ စစ်ရီး၊ နိုင်ငံရီး ရည်မှန်းချက်များကို နည်းလမ်းအမျိုးမျိုး၊ပုံစံအမျိုးမျိုးဖြင့်အဟုန်မြှင့်အကောင်အထည် ဖော် လာခကတ်သည်များကိုလေ့ ထင်ရှားစွာတွိမြင်နီရပါသည်” ဟုလေ့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ သဝဏ်လွှာတွင် ဖော်ပြထား ပြီး ယင်းအထဲတွင် ကရင်နီလူမျိုးသည်လေ့အပါအဝင်ဟုဆိုသည်။
ကရင်နီလူမျိုးအနီနန့် မိမိလူမျိုး၊ မိမိအဖွဲ့အစည်း၊ မိမိကောင်စီအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ပြီး မျှော်မှန်းထားသော စစ်ရီး၊ နိုင်ငံရီး ရည်မှန်းချက်များ အယင်ဆုံးအကောင်အထည်ဖော်နိုင်ပါစီဟု ဆုမွန်ကောင်းတောင်းကြောင်းလေ့ ညီနောင် မဟာမိတ် (၃) ဖွဲ့၏ ကြိုဆိုဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်ကိုတွိဟိရသည်။