APM ၊ မေ ၁၂/ ၂၀၂၄
ဒေနိ(မေ ၁၂ရက်နိ)မိုးထစောစောပိုင်းမာ ကျောက်ဖြူမြို့နယ်၊မြို့ချောင်းတိုက်နယ်၊လောင်းချောင်းရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနန့် ဗုံးကြဲတိုက်ခိုက်ခလို့ရွာဟိ စာသင်ကျောင်းထိခိုက်ပျက်စီးလားရေလို့ သိရပါရေ။
ဒေနိ၊မိုးထစောစော ၂ နာရီလောက်က အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစီးစွာ ကျောက်ဖြူမြို့နယ်၊မြို့ချောင်းတိုက်နယ်၊လောင်းချောင်းရွာကို ရောက်ဟိလာပြီးကေ ဗုံး(၂) လုံးကြဲချခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းသို့အကြမ်းဖက်စစ်ကောင်စီဂျက်ဖိုက်တာကကြဲချခရေ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် လောင်းချောင်းရွာအထက်တန်းကျောင်းမာ ဗုံးစထိမှန်ပနာ ကျောင်းမှန်ပြတင်းပေါက်တိအားလုံးပြိုကျ ပျက်စီးလားရေလို့ ဆိုပါရေ။
မေ ၁၁ ရက်နိကလည်း အကြမ်းဖက်စစ်ကောင်စီ၏ဂျက်ဖိုက်တာတစီးနန့်နေဗီရို့ကယမ်းကားပစ်ခတ်ခလို့ ကျောက်ဖြူမြို့နယ်၊သစ်ပုတ်တောင်တိုက်နယ်၊ချောင်းဖျားရွာက အပြစ်မဲ့ပြည်သူတယောက် ထိခိုက်ဒဏ်ရာရဟိလားပါရေ။
ရက္ခိုင်ပြည်တဝန်းဟိ တပ်ရင်း၊ တပ်မဌာနချုပ်တိ၊ တပ်စခန်းတိ အမြောက်အမြားနန့် မြို့တိ တမြို့ပြီးတမြို့ လက်လွှတ်ဆုံးယှုံးနီရရေ စစ်ယှုံးအကြမ်းဖက်စစ်ကောင်စီစွာ အပြစ်မဲ့ပြည်သူတိနီထိုင်ရေ မြို့၊ရပ်ရွာတိကို လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လီယာဉ်တိကိုအသုံးပြုပနာ ပစ်ခတ်မှုတိ နိစဉ်ရက်ဆက် ပြုလျက်ဟိနီပါရေ။