(စစ်တွေမြို့နန့် ရီမိုင် ၅၂၀ အကွာသို့ ရောက်ဟိလာ)
APM ၊ မေ ၁၂ / ၂၀၂၃
MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် စစ်တွေမြို့နန့် ရီမိုင် ၅၂၀ ခန့်အကွာသို့ ရောက်ဟိဟလာပြီး အမြင့်ဆုံးလီတိုက်နှုန်း တနာရီလျှင် မိုင် ၁၁၀ ခန့်နန့် ရက္ခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း မိုးလီဝသနန့် ဇလဗေဒ ဦးစီးဌာန (မိုး/ဇလ) ၏ ဒေနိ (မေ ၁၂ ရက်နိ) မိုးထ ၇ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ “အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းMOCHA သည် မြောက်ယွန်းယွန်းသို့ ရွိလားခပြီး၊ ကိုကိုးကျွန်း မြို့၏ အနောက်-အနောက်တောင်ဖက် ရီမိုင် ၃၂၀ မိုင်ခန့်၊ ဟိုင်းကြီး ကျွန်းမြို့၏ အနောက်တောင်ဖက် ရီမိုင် ၄၁၅ မိုင်ခန့်၊ စစ်တွေမြို့၏ တောင်- အနောက်တောင်ဖက် ရီမိုင်(၅၂၀)မိုင်ခန့် ၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား၏ အနောက်- အနောက်မြောက် ဖက် ရီမိုင် ၂၉၀ မိုင်ခန့်နန့် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဖက် ရီမိုင် ၅၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနီသည်” ဟုဆိုသည်။
ယင်း MOCHA ဆိုက်ကလုန်းမုန်တိုင်းသည် နောက် ၆ နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ဟိနိုင်ပြီး မေ ၁၄ ရက်နိတွင် အမြင့်ဆုံးလီတိုက်နှုန်း တနာရီလျှင် မိုင် ၁၀၀ မှ မိုင် ၁၁၀ ခန့်ဖြင့် ကျောက်ဖြူမြို့နန့် ကော့ဘဇားမြို့ ရို့ကြား စစ်တွေမြို့အနားက ဖြတ်ကျော်ဝင်ရောက်နိုင် သည်ဟု ဆိုသည်။
မုန်တိုင်း အဟိန်ကြောင့် ဒေနိမိုးထမှ မေ ၁၄ ရက်နိအတွင်း ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင် မိုးသက်လီပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီး နိုင်သည်ဟုလေ့ မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ယင်းအပြင် မုန်တိုင်းဖြတ်ကျော်စဉ် စစ်တွေခရိုင်၊ မောင်တော ခရိုင်နန့် ကျောက်ဖြူခရိုင်ဟိ မြစ်ဝ၊ မြစ်လက်တက်များ အ တွင်း ဖြားရီ ၇ ပေမှ ၁၄ ပေ အထိ မြင့်တက်လာနိုင်ပြီး မြီပြိုခြင်းများ၊ ရီကြီးရီလျှံမှုများ ဖြစ်ပေါ်လာနိုင်၍ ကုန်မြင့်ဒေသ အ နားတွင် ထိုင်သူများ၊ ကမ်းရိုးတန်းတလျှောက် နီထိုင်သူများအနီ နန့် ကြိုတင်သတိပြုကတ်ပါရန် မိုး/ဇလက တိုက်တွန်း ထားသည်။
Photo – မိုး/ဇလ