APM ၊ မေ ၁၂ /၂၀၂၃
MOCHA ဆိုင်ကလုန်းမုန်တိုင်းကာလအတွင်း ရက္ခိုင်၌ အရေးပေါ်တုံ့ပြန်ကူညီရီးများ ချက်ချင်းဆောင်ရွက် နိုင်ရန် အဆင် သင့်ပြင်ဆင် ထားကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မေ ၁၁ ရက်နိတွင် ထုတ်ပြန် သည်။
ထုတ်ပြန်ချက်အရ “ ဆိုင်ကလုန်း MOCHA သည် ရက္ခိုင်သို့ လာမည့် စနီ၊ တလင်းဂနီနိများတွင် ဝင်ရောက်မည်ဟု ခန့်မှန်းရ ပြီး UNHCR နန့် မိတ်ဖက်အဖွဲ့များသည် လူထုအုပ်စုများ ဖီးကင်းလုံခြုံစီရီးအလေးပီးပြင်ဆင်ဆောင်ရွက်ချက်များကို မြီပြင် တွင် ဦးစားပီးဆောင်ရွက်လျက်ဟိနီပါသည်။ အကယ်၍ လိုအပ်ချက်များမြင့်မားလာခပါက အရေးပေါ်တုံ့ပြန်ကူညီမှုများကို ချက်ချင်းဆောင်ရွက်နိုင်ရန် အရန်အစီအစဉ်ကိုလေ့ လျာထားလျက်ဟိသည်” ဟုဆိုသည်။
နီးကပ်လာနီသည့် သဘာဝဖီးအန္တရာယ်ကို ဒေသနီလူထုများထံ အသိပီးချက်ဖြန့်ဝီနိုင်ရန်နန့် လိုအပ်သော ကြိုတင်ဆောင် ရွက်ချက်များ စီစဉ်ထားနိုင်ရန်အတွက် ကယ်ဆယ်ရီးစခန်းများ၊ စစ်ဖီးယှောင်စခန်းများနန့် ရပ်ရွာများ၌ ဆိုင်ကလုန်းနန့် ရီ ကြီးရီလျှံမှုသတိပီးချက်များကို အသိပီးကြေငြာလျက် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝီပီးနီကြောင်း UNHCR၏ ထုတ်ပြန်ချက် တွင် ပါဟိသည်။
ကယ်ဆယ်ရီးစခန်းတခုစီ၊ စစ်ဖီးယှောင်စခန်းတခုစီ၌ပြင်ဆင်ထားဟိမှုအစီအစဉ်များကိုကယ်ဆယ်ရီးစခန်းစီမံခန့်ခွဲရီးအဖွဲ့ များ /စစ်ဖီးယှောင်စခန်းတာဝန်ခံအဖွဲ့များနန့်ဆွေးနွေးညှိနှိုင်းဆောင်ရွက်နီကြောင်း၊ထိခိုက်နိုင်ခြီအမြင့်ဆုံးနီရာများကို အ လေးပီးဦးတည်လျက် စောင့်ကြည့်ဆန်းစစ်ရီးအစီအစဉ်တခုကို ပြင်ဆင်ထားကြောင်းနန့် ယင်းသို့ပြင်ဆင်ထားခြင်းအားဖြင့် လူထုအုပ်စုများနန့် နီးကပ်စွာ ချိတ်ဆက်နိုင်မည်ဖြစ်ပြီး အရေးပေါ်အခြေအနီဟိလာလျှင် ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင် မည်ဟုလေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းအပြင် အရေးပေါ်ကူညီကယ်ဆယ်ရီးပစ္စည်းများကို အရံသင့်ထားဟိထားပြီး အချိန်တိုအတွင်း ဖြန့်ဝီပီးနိုင်ရန် ဆိုင်ရာဂို ဒေါင်များတွင် လုံခြုံစွာသိမ်းဆည်းထားကြောင်းနန့် ရီယာဉ်များ၊ ကားများကိုလေ့ လိုအပ်လျှင် လည်ပတ်အသုံးပြုနိုင်အောင် အရံသင့်ထားဟိထားကြောင်း UNHCR ၏ မေ၁၁ ရက်နိထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကိုတွိဟိရပါသည်။
Photo – UNHCR