APM၊ မေ ၁၂ / ၂၀၂၃
MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရနိုင်သည့် တောင်ကုတ်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပေါက်တောစသည့်မြို့နယ်များ ဟိ ကျေးရွာတချို့မှ အာရက္ခပြည်သူများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA က ဖီးလွတ်ရာသို့ကူညီ ရွှိပြောင်းပီး လျက်ဟိကြောင်းသိရသည်။
ယင်းပြည်သူများကိုULA/AAတပ်ဖွဲဝင်များကဘုတ်များဖြင့်ကူညီကယ်ဆယ်ရီးများပြုလုပ်လျက်ဟိပြီး ဆီးဝါးနန့်အထောက် အကူ ပြုပစ္စည်းများအပြင် အရေးပေါ်သုံးစွဲနိုင်အောင် အသက်ကယ်အင်္ကျီများ ထောက်ပံ့ပီးလျက်ဟိသည်။
ယင်းအပြင် မုန်တိုင်းဝင်ရောက်ချိန်တွင်လေ့ အရေးပေါ်ကယ်ဆယ်ရီးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ULA/AA တပ်ဖြန့်နီရာ ချထားကြောင်း သိရသည်။
အာရက္ခပြည်သူ့အစိုးရက ဖွဲ့စည်းထားသည့် လူသားချင်းစာနာထောက်ထားရီးနန့် ဖွံ့ဖြိုးရီးဆိုင်ရာပူးပေါင်းဆောင် ရွက်ရီးရုံး HDCO ကလေ့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နီစဉ်လိုက်နာရမည့်အချက်များအပါအဝင်ကယ်ဆယ်ရီးလုပ်ငန်းများ၊ မုန်တိုင်း သတိချက် များကို အချိန်နန့်တဗြီးညီ လုပ်ဆောင်လျက်ဟိသည်။