
APM ၊ မေ ၁၂ / ၂၀၂၃
MOCHAဆိုင်ကလုန်းမုန်တိုင်းသည်လက်ဟိ၌အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ဟိလားကြောင်း မိုးလီဝ သနန့် ဇလဗေဒ ဦးစီးဌာန(မိုး/ဇလ) ၏ ဒေနိ (မေ ၁၂ ရက်နိ) မိုးထ ၁၀ နာရီခွဲ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ “ဘင်္ဂလားပင်လယ်အော်အရှိတောင်ပိုင်းနန့် ယင်းနန့်ဆက်စပ်လျက်ဟိသော ဘင်္ဂလား ပင်လယ်အော်အ လယ်ပိုင်းတွင် ဖြစ်ပေါ်နီသည့် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း MOCHA သည် မြောက်ယွန်းယွန်းသို့ ရွှိလားခပြီး၊ ပိုမို အားကောင်းလာကာ အားအလွန်ကောင်းသောဆိုင် ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) MOCHA အဖြစ် သို့ ရောက်ဟိလားသည်”ဟု ဆိုသည်။
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း MOCHA၏ ဗဟိုချက်လီဖိအားမှာ ၉၈၈ ဟက်တိုပါစကယ်နန့် အမြင့်ဆုံးလီ တိုက်နှုန်း မှာ တနာရီလျှင် ၇၅ မိုင်မှ ၈၅ မိုင်နှုန်းခန့်ဟိပြီး ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဖက် ရီမိုင် ၃၁၀ မိုင် ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဖက် ရီမိုင် ၄၀၀ ခန့်၊ စစ်တွေမြို့၏ တောင်- အနောက်တောင်ဖက် ရီမိုင် ၄၉၅ မိုင် ခန့် ၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား၏ အနောက်- အနောက်မြောက်ဖက် ရီမိုင် ၂၉၀ မိုင်ခန့်နန့် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဘဇားမြို့ ၏ တောင်-အနောက်တောင်ဖက် ရီမိုင် ၅၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနီသည်ဟုလေ့ မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်း အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း MOCHA ၏ လက်ဟိအခြေအနီမှာ ဘင်္ဂလားဒေ့ချ်-ရက္ခိုင်ကမ်းရိုးတန်း သို့ ဦးတည်ရွိလျားနိုင်ပြီး မေ ၁၄ ရက်နိတွင် ကော့ဘဇားမြို့နန့် ကျောက်ဖြူမြို့အကြား စစ်တွေမြို့နားက ဖြတ်ကျော်ဝင် ရောက်နိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။
ယင်းအပြင် မုန်တိုင်းဖြတ်ကျော်စဉ်အတွင်း စစ်တွေခရိုင်၊ မောင်တော ခရိုင်နန့် ကျောက်ဖြူခရိုင်ဟိ မြစ်ဝ၊ မြစ်လက်တက် များအတွင်း ဖြားရီ ၇ ပေမှ ၁၄ ပေ အထိ မြင့်တက်လာနိုင်ပြီး မြီပြိုခြင်းများ၊ ရီကြီးရီလျှံမှုများ ဖြစ်ပေါ်လာနိုင်၍ ကုန်မြင့်ဒေ သ အနားတွင် ထိုင်သူများ၊ ကမ်းရိုးတန်းတလျှောက် နီထိုင်သူများအနီ နန့် ကြိုတင်သတိပြုကတ်ပါရန် မိုး/ဇလက တိုက် တွန်းထားသည်။
Photo – မိုး/ဇလ

