APM ၊ ဧပြီ ၁၂ /၂၀၂၄
ကျောက်ဖြူမြို့နယ်မာ ဧပြီ ၁၁ ရက်နိ၊ညဇာက ဒေသခံ လူငယ် ၄ ယောက်ကို အကြမ်းဖက် စစ်ကောင်စီ မတရား ဖမ်းလားကြောင်း သိရပါရေ။
မတရားဖမ်းဆီးခံခရလူငယ်တိစွာ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်၊ ကုလဘာတောင်ရွာက ကိုနေတိုး (၂၀ နှစ်) ၊ကိုဇင်မြင့်ထွန်း(၂၀ နှစ်)၊ ကိုတင်မောင်နိုင်(၂၂ နှစ်)နန့် ကိုချမ်းမြင့်ဇော် (၂၄ နှစ်)ရို့ဖြစ်ကတ်ပါရေ။
ကိုနေတိုး၊ ကိုဇင်မြင့်ထွန်း၊ ကိုတင်မောင်နိုင်နန့် ကိုချမ်းမြင့်ဇော်ရို့ ၄ ယောက်စွာ ဧပြီ ၁၁ ရက်နိ၊ညဇာ ၂ နာရီအချိန်လောက်က သစ်ပုတ်တောင်တိုက်နယ်၊ စိုင်ခြုံဒွိန်ရွာကနီ သူရို့နီထိုင်ရေ ကုလဘာတောင်ရွာသို့ ဆိုင်ကယ်နန့်ပြန်လာခါ သစ်ပုတ်တောင်တိုက်နယ်၊ စည်မော်ရွာအဝင်လမ်းဆုံသို့ အရောက်မာ ကင်းပုန်းဝပ်နီရေ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တိက ဖမ်းလားခစွာလို့ သိဟိရပါရေ။
ကုန်ခရေ ဧပြီ ၁၀ ရက်နိကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ရွာအုပ်ချုပ်ရီးမှူးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးလားခသိမ့်ရေ။
ရက္ခိုင်ပြည်မာ အာရက္ခတပ်တော်(AA)နန့် အကြမ်းဖက်စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲကာလအတွင်း အကြမ်းဖက် စစ်ကောင်စီစွာ ရက္ခိုင်ပြည်မြို့နယ်အသီးသီးက အပြစ်မဲ့အရပ်သားပြည်သူတိကို အကြောင်းအမျိုးမျိုးပြပနာ မတရား ဖမ်းဆီး၊ ရိုက်နှက်၊သတ်ဖြတ်မှုတိ စဉ်ဆက်မပြတ် ပြုလုပ်လို့ ဟိနီရေ။