APM၊ ဧပြီ ၁၂/၂၀၂၄
မောင်တောမြို့နယ်ဟိ အကြမ်းဖက်စစ်ကောင်စီ၏ ကြိမ်ချောင်းဗျူဟာစခန်းကြီးကိုဒေနိ(ဧပြီ ၁၂ ရက်နိ)မာ အပြီး သတ် သိမ်းပိုက်လိုက်တေလို့ အာရက္ခတပ်တော် (AA)က သတင်း ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ” အာရက္ခတပ်တော်အနီနန့် ယင်းစခန်းတခုလုံးကို အပြီး သတ်သိမ်းပိုက်ရယူနိုင်ရီးအတွက် အဆိုပါစခန်းကို လချီလို့ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးကေ ၂၀၂၄ ခုနှစ်၊ မာ့ချ် (၂၃) ရက်နိမာ ထိုးစစ် အယှိန်အဟုန်မြှင့်တင်လျက် စတင်ပြုလုပ်ခစွာလို့ သိရပါရေ။
“အာရက္ခစစ်သည်တော်ရို့၏ ပြောင်မြောက်တေ စွမ်းဆောင်ရည်၊ တိုက်ရည်ခိုက်ရည်၊ သတ္တိ၊ အမိန့်နာခံမှု၊ အချိတ်အဆက်ကောင်းမှု၊ အမိန့်၊တာဝန်ရို့ကို ဆင့်ကဲလိုက်နာနိုင်မှုရို့အပေါ် အာရက္ခတပ်တော်၊ စစ်ရုံးချုပ်အနီနန့် အလေးအနက်အသိအမှတ်ပြုပြီးကေ ဒေစခန်းသိမ်း တိုက်ပွဲအတွင်း ပီးဆပ်စွန့်လွှတ်ခရရေ အာရက္ခစစ်သည်တော်ရို့ကိုလည်း လေးနက်စွာ ဂါရဝပြုအပ်ပါရေ”လို့ ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
ကြိမ်ချောင်း ဗျူဟာကုန်းစွာ နခခ(၇) ဖြစ်ပြီးကေ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၀၀) ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄၀၀) လောက်နန့်တတူ ၎င်းရို့၏ မိသားစုဝင် (၁၅၀) လောက်ဟိရေ စခန်းကြီးတခုဖြစ်ပနာ၊ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုးနန့် ဒု-ဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင်ရို့ ဦးဆောင်ပြီးကေ အာရက္ခတပ်တော်၏ ထိုးစစ်ကို အသည်းအသန်ခုခံနီခရေဗျူဟာစခန်းကြီးတခုလည်းဖြစ်တေလို့ သိရပါရေ။
ကြိမ်ချောင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း အမြောက်အမြား၊ သုံ့ပန်းတချို့နန့် ၎င်းရို့၏ မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခပြီးကေ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခရေလို့ အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။