(တောင်ကုတ်ကိုပါ ဆက်တိုက်ဖို့လို့ အာရက္ခတပ်တော် ထုတ်ပြန်ကြေညာ)
APM၊ ဧပြီ ၁၂/၂၀၂၄
ရက္ခိုင်ပြည်၊ အမ်း၊ ဘူးသီးတောင်နန့် မောင်တောမြို့နယ်ရို့မာ ဒေရက်ပိုင်းအတွင်း တိုက်ပွဲတိ ဆက်ဖြစ်နီခရေလို့ အာရက္ခတပ်တော် AA က ဒေနိ(ဧပြီ ၁၂ ရက်နိ) ထုတ်ပြန်လိုက်ပါရေ။
အဆိုပါ ထုတ်ပြန်ချက်ထဲမာ “အယင်ရက်များကလည်း ရက္ခိုင်ဒေသ အတွင်း၌ တိုက်ပွဲများဟိခပြီးကေ အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ၌ အဓိက ဖြစ်ပွားခသည် လို့ဖော်ပြထားပါရေ။
အလားတူ ယင်းထုတ်ပြန်ကြေညာချက်အတွင်း တောင်ကုတ်ဟိ စစ်ကောင်စီတပ်စခန်းတိကိုလည်း ဆက်တိုက် လားဖို့လို့ ဖော်ပြထားပါရေ။
ထုတ်ပြန်ချက်အရ”ဧပြီ ၁၀ ရက်နိ၊ ညဇာ ၃ နာရီ ၄၀ မိနစ်အချိန် အမ်းမြို့နယ်၊လုံးရွာ အနောက်ဖက်မီတာ(၁၄၀၀) အကွာမာ အကြမ်းဖက်စစ်ကောင်စီ၏ အင်အား (၅၀) ခန့်ပါစစ်ကြောင်းနန့်အာရက္ခတပ်တော်ရို့ နာရီဝက်ခန့်အကြာ တိုက်ပွဲ ဖြစ်ပွားခပြီးကေ၊ ရန်သူစွာ မြီပြင်လက်နက်ကြီးပစ်ကူ၊ လီကြောင်းပစ်ကူတိကို အသုံးပြု တိုက်ခိုက်ခရေအတွက် တိုက်ပွဲစွာ အချိန်တိုတောင်းကေလေ့ ပြင်းထန်ခရေ”လို့ သိရပါရေ။
ယင်းနောက်အကြမ်းဖက်စစ်ကောင်စီတပ်စွာအထိအခိုက် အကျအဆုံးတိနန့်(နပခ)ဌာနချုပ်ဟိရာအမ်းသို့ ပြန်လည် တပ်ဆုတ်လားခရေလို့ ဆိုပါရေ။
အလားတူ ဧပြီ ၁၁ ရက်နိ၊ မိုးထ ၁၁ နာရီ ၂၀ မိနစ်အချိန်ကလည်း အမ်းမြို့နယ်၊မင်းဘော်ရွာ၏ တောင်ဖက် မီတာ (၁၀၀၀) ခန့်အကွာမာ အကြမ်းဖက်စစ်ကောင်စီတပ်နန့် အာရက္ခတပ်တော်ရို့ ထိတွိတိုက်ပွဲဖြစ်ပွားခပါသိမ့်ရေ။
ကြိုကြားကြိုကြားတိုက်ပွဲတိနန့်တတူ ညဇာ ၄ နာရီအထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခကတ်ပြီးကေ၊ တိုက်ပွဲအတွင်း ရန်သူ စစ်ကောင်စီဖက်က မျက်မြင် ၅ ယောက်သီဆုံးပနာ ၁၀ ယောက်လောက် ဒဏ်ရာရလားခရေလို့ ဆိုပါရေ။
ယင်းနည်းတူ ဧပြီ ၁၀ ရက်နိ၊ညဇာ ၆ နာရီ ၁၅ မိနစ်အချိန် ကလည်း မောင်တောမြို့နယ်၊ ကံပြင်သာစည်ရွာ၏ အရှိဖက် (၂.၅) ကီလိုမီတာခန့်အကွာ (ဘူးသီးတောင်-မောင်တောကျော်လမ်း)မာ အကြမ်းဖက်စစ်ကောင်စီတပ်နန့် အာရက္ခတပ်တော်ရို့ ၁ နာရီနားပါးအကြာ တိုက်ပွဲဖြစ်ပွားခပြီးကေ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၆ ယောက်သီဆုံးပနာ ၈ ယောက်လောက် ဒဏ်ရာရလားရေလို့ ထုတ်ပြန်ချက်မာဖော်ပြပါရေ။
ဒေနိ ဧပြီ ၁၂ ရက်နိမာ မောင်တောမြို့နယ်ဟိ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းတိထဲက တခုဖြစ်တေ မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးကိုလည်းအာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခပါရေ။
အာရက္ခတပ်တော်မှ အယင်ထုတ်ပြန်ထားခပိုင် လက်နက် ချအညံ့မခံသိမ့်ရေ အကြမ်းဖက် စစ်ကောင်စီ ၏ စခန်းတိုင်းကို တခုပြီးတခု ဆက်လက်တိုက်ခိုက်လားဖို့လို့ ဆိုရေအတိုင်း ကြိမ်ချောင်းဗျူဟာပိုင် လက်နက်ချအညံ့မခံရေ စခန်းတိအနီနန့် အယင်ဆုံးလက်နက်ချဖို့ကိုလည်း အာရက္ခတပ်တော်က ထပ်မံ သတိပီးလိုက်ပါရေ။
ယင်းအပြင် အာရက္ခတပ်တော်စွာအကြမ်းဖက်စစ်ကောင် စီ၏ လက်နက်ချအညံ့မခံသိမ့်ရေ နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊စကခ(၁၅)ဌာနချုပ်နန့်တောင်ကုတ် ၊ စက ခ(၅) အပါအဝင် လက်ကျန် စခန်းတိုင်းကို တခုမကျန် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လားဖို့လို့လည်း အာရက္ခတပ်တော်၏ထုတ်ပြန်ကြေညာချက်ထဲမာ ထည့်သွင်း ဖော်ပြထားပါရေ။