
APM ၊ ဧပြီ ၁၂ / ၂၀၂၄
ဂွမြို့နယ်၊ ကျိန္တလီမာ ဧပြီ ၁၁ ရက်နိ ညည့်က အဖဖြစ်သူကို အိမ်မာမတွိလို့ ၎င်း၏သားဖြစ်သူအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက အောက်တန်းကျ လူမဆန်စွာ မတရား ဖမ်းဆီးလားခရေလို့ သိရပါရေ။
အဖမ်းခံရလူတိစွာ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ သဲကုန်းရွာက ကိုနေဇာလင်း၊ ကိုဝင်းမင်းထွဋ်နန့် ကိုညီလေးငယ်ရို့ ဖြစ်ကတ်ပါရေ။
ဧပြီ ၁၁ ရက်နိ ညည့် ၁၀ နာရီအချိန်လောက်မာ ကျိန္တလီရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၈ ယောက်စွာ သဲကုန်းရွာဟိ ဦးသိန်းဇံ၏နီအိမ်သို့ ဝရုန်းသုန်းကား ဝင်ရောက်လာပြီးကေ ဦးသိန်းဇံကို ရှာဖွီခကတ်ပါရေ။
ဦးသိန်းဇံကို ရှာမတွိလို့ဆိုပနာ သူ၏သားဖြစ်သူ ကိုနေဇာလင်းနန့် ယင်းအိမ်မာထိုင်နီကတ်တေ ကိုဝင်းမင်းထွဋ်၊ ကိုညီလေးငယ်ရို့ကိုပါ တပါတည်း ဖမ်းယူလားခရေလို့ ဒေသခံတိက ဆိုပါရေ။
လက်ဟိမာ အကြမ်းဖက် စစ်ကောင်စီက ယင်းအပြစ်မဲ့အရပ်သားပြည်သူ ၃ ယောက်ကို ကျိန္တလီရဲစခန်းအတွင်း ထိန်းသိမ်းချုပ်နှောင်ထားရေလို့ သိရပါရေ။


