
APM ၊ ဧပြီ ၁၂ / ၂၀၂၃
မောင်တောမြို့နယ်ဟိ စစ်ကောင်စီ၏ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်းတွင် ဧပြီ ၁၁ ရက်နိ က တပ်ဖွဲ့ဝင်နှစ် ယောက် အချင်းချင်းစကားများကာ လက်ပစ်ဗုံးနန့် ပစ်ခတ်၍ ပေါက်ကွဲမှုဖြစ်ပြီး တယောက်သီလား ကြောင်းသိရ သည်။
သီဆုံးလားသူမှာ နခခ(၆) တပ်ရင်း လက်အောက်ခံ ကျောက်ပန္ဒူရွာမြောက်ဖက်စခန်း၌ တာဝန်ကျနီသည့် တပ်သား ဆောင်းဦးဝေ (၂၇ နှစ်) ဖြစ်သည်။
ဖြစ်စဥ်မှာ ဧပြီ ၁၁ ရက်နိ နိခင်း ၂ နာရီခွဲက အဆိုပါနယ်ခြားစောင့်စခန်းဟိ ဒုရဲအုပ်တယောက်မှ ဒု-တပ်ကြပ် အဆင့် ဟိသူ တယောက်အား အရက်မသောက်ရန်ဟန့်တားစဥ် စကားများရန်ဖြစ်ခကတ်ရာ ဒု-တပ်ကြပ်အဆင့် ဟိသူက မကျေနပ်၍ လက်ပစ်ဗုံးနန့် ပစ်ခတ်ခခြင်းဖြစ်သည်။
ယင်း လက်ပစ်ဗုံးသည် အနားဟိ Bunker ထဲသို့ကျရောက်ပေါက်ကွဲခရာ Bunker ထဲ၌ကင်းစောင့်နီသည့် တပ်သား ဆောင်းဦးဝေ ဒဏ်ရာပြင်းပြင်းထန်ထန်ရလား၍ မောင်တောဆီးရုံးသို့ ပို့ဆောင်စဉ် လမ်းခုလတ်၌ သီဆုံးလားသည်။
ပြီးခသည့် ဂျန်နဝါရီ ၆ ရက်နိကလေ့ မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညိုနယ်ခြားစောင့် စခန်းတွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ အချင်ချင်း ရန်ဖြစ်၍ လက်ပစ်ဗုံးဖြင့်ပစ်ရာ ၂ ယောက်သီပြီး ၅ ယောက်ဒဏ်ရာရလားခသိမ့်ကြောင်း သိဟိရပါသည်။
