APM ၊ ဧပြီ ၁၂ / ၂၀၂၃
ဖုန်းကိုအသုံးပြု၍ အွန်လိုင်းလိမ်လည်မှုဖြင့် သံသယဟိလူ ဂျပန်နိုင်ငံသား ၁၉ ယောက်ကို ဧပြီ ၁၁ ရက်နိမှာ ပြည်နှင်ဒဏ်ပီးပြီး ဂျပန်နိုင်ငံသို့ပြန်ပို့လိုက်ကြောင်း ကမ္ဘောဒီး ယား ရဲတပ်ဖွဲ့က ပြောသည်။
ယင်းဂျပန်နိုင်ငံသား ၁၉ ယောက်လုံးမှာ အမျိုးသားများဖြစ်ကတ်ပြီး ကုန်ခသည့် ဂျန်နဝါရီလ နိုင်ငံတောင်ပိုင်း ဆီဟာနုခ်ဗီးလ်မြို့၊ စစ်ဆင်ရေးတခု၌ ဖမ်းမိခသည်ဟုကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။
၎င်းရို့အားလုံး ဂျပန်နိုင်ငံသို့ လီကြောင်းခရီးနန့်လိုက်ပါ လားခပြီးဖြစ်ကြောင်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့က အတည် ပြုသည်။
အဆိုပါ သံသယဟိသူ ၁၉ ဦးလုံးကို ဂျပန်ရဲတပ်ဖွဲ့ကလေ့ ဖမ်းဝရမ်း ထုတ်ထားသည်ဟု ဂျပန်မီဒီယာများက ဖော်ပြ ကတ်သည်။
Ref: Cambodia deports 19 scam suspects to Japan
Photo – Thai PBS World
Please follow and like us: