
APM ၊ ဧပြီ ၁၂ / ၂၀၂၃
အမေရိကန်နန့် ဖိလစ်ပိုင်ရို့ ဧပြီ ၁၁ရက်နိမှစ၍ တပ်ဖွဲ့ဝင် ၁၇၀၀၀ ကျော် ပါဝင်သည့် စစ်ရီးလိကျင့်မှုကို ဆန့်ကျင် သည့်အနီဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ဟိ စစ်တပ်ဌာန ချုပ် (AFP) ရှိတွင် တက်ကြွလှုပ်ယှားသူ ရာနန့်ချီ စုဝေးပြီး ပြင်းပြင်းထန်ထန် ကန်ကွက်ဆန္ဒပြခကတ်သည်။
“ဘာလီကာတန် ၂၀၂၃” ဟုနာမည်ပီးထားသည့် ၁၈ ရက် ကြာ အဆိုပါ ပူးတွဲစစ်ရီးလိကျင့်မှုတွင် အမေရိကန် တပ်ဖွဲ့ဝင် ၁၂,၂၀၀၊ ဖိလစ်ပိုင် တပ်ဖွဲ့ဝင် ၅,၄၀၀ နန့် သြစတြေးလျစစ်သား ၁၁၁ ယောက်နန့် ဂျပန်၊ ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၁၀ ကျော်ခန့်မှ လေ့လာသူအဖြစ် ပါဝင်မည်ဟု ဆိုသည်။
ဆန္ဒပြသူများသည် “အမေရိကန်တပ်များ ထွက်လား” ဟု ရွီးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး အမေရိကန် အလံကို မီးတိုက်ကာ ပူးတွဲစစ်ရီးလိကျင့်မှုကို ဆန့်ကျင်ကြောင်း ပြသခကတ်သည်။
အာသျှတွင် အမေရိကန်၏ စစ်ရီး လှုပ်ယှားမှု များကို ဆန့်ကျင်ကတ်ရန်လေ့ ဆန္ဒပြသူများက ဖိလစ်ပိုင်နိုင်ငံသား များကို တိုက်တွန်းခကတ်သည်။
ယင်းအပြင် ဆန္ဒပြသူများသည် အမေရိကန်တပ်ဖွဲ့ဝင်များအတွက် ဖိလစ်ပိုင်နိုင်ငံအတွင်း စစ်အခြီစိုက် စခန်းအသစ် ၄ ခု ဖွင့်လှစ်ခြင်းကိုလေ့ ကန့်ကွက်ဆန္ဒပြခကတ်သိမ့်သည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက”အမေရိကန်တပ်စခန်းများ နိုင်ငံအတွင်း တည်ဆောက်ခွင့် ပီးခြင်းမှာ မည်သည့် ထိုးစစ်အတွက်မှ အသုံးချရန်မဟုတ်ကြောင်း” ဧပြီ ၁၀ရက်နိက အာမခံပြောကြားခသည်။
အမေရိကန်နန့် ပူးပေါင်းဆောင်ရွက်မှုသည် ၎င်း၏နိုင်ငံကာကွယ်ရီးကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သမ္မတက ပြောဆိုခ သည်။
သို့သော် ဒေစစ်ရီးလိကျင့်မှုနန့် စစ်အင်အားပြပွဲသည် အာသျှ၌ အမေရိကန်၏စစ်အင်အားကို ပြသရန်ဖြစ်ပြီး စစ်ပွဲ အတွက် ပြင်ဆင်ခြင်းရာဖြစ်ကြောင်း၊ ဖိလစ်ပိုင်ကို ခုခံကာကွယ်ခြင်းနန့် လုံးဝ မသက်ဆိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြ ထားကတ်သည်။
Source – US-Philippines largest-ever military drills meet fierce protests and criticism
Photo – VCG
