
APM ၊ ဧပြီ ၁၂ / ၂၀၂၃
မြန်မာက ဘင်္ဂလားဒေ့ချ်သို့ G to G စနစ်ဖြင့်တန်းမြင့်ဆန်တင်ပို့ရာ၌ ၅ နှစ်စာချုပ် ချုပ်ဆိုထားကြောင်း စစ်ကောင် စီ၏ စီးပွားရီးနန့်ကူးသန်းရောင်းဝယ်ရီးဝန်ကြီး ဦးအောင်နိုင်ဦးက သတင်းမီဒီယာများသို့ ဒေဂုရက်ပိုင်းအတွင်း ပြောကြားထားသည်။
မြန်မာနန့်ဘင်္ဂလားဒေ့ချ်ရို့သည် ၂၀၂၂ ခုနှစ်၊စပ်တမ်ဘာတွင် ဆန်စပါးကုန်သွယ်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ (MOU)ကို လက်မှတ်ရွီးထိုးခကတ်ပြီး၊ အဆိုပါသဘောတူညီချက်အရ မြန်မာက ဘင်္ဂလားဒေ့ချ်သို့ ၂၀၂၂ မှ ၂၀၂၇ အထိ ၅ နှစ်တာ ဆန်တင်ပို့ရမည်ဖြစ်သည်။
ယင်းသို့ဆန်တင်ပို့ရာမှ ပို့ကုန်ထောက်ပံ့ငွေအဖြစ် ၂၀၂၂ ခုနှစ်က ၃၀ ဘီလီယံနှန့် ၂၀၂၃ ခုနှစ် တွင် ၇၉ ဘီလီယံကို ထောက်ပံ့ပီးနိုင်ခသည်ဟု စစ်ကောင်စီ ဝန်ကြီး ဦးအောင်နိုင်ဦးက ဆိုသည်။
စာချုပ်သက်တမ်း ၅ နှစ်အတွင်း မြန်မာက ဘင်္ဂလားဒေ့ချ်သို့ ပထမအကြိမ်၂၀၁၇ ခုနှစ်က ဆန်တင်ချိန် ၁ သိန်း၊ ဒုတိယ အကြိမ် ၂၀၂၁ ခုနှစ်က ဆန်တန်ချိန် ၁ သိန်း နန့် ၂၀၂၃ ခုနှစ်တတိယအကြိမ်၌ ဆန်တန်ချိန် ၂ သိန်း စုစု ပေါင်းဆန်တန်ချိန် ၄ သိန်းကို တင်ပို့ပြီးဖြစ်ကြောင်း စစ်ကောင်စီ၏စီးပွားရီး နန့် ကူးသန်းရောင်းဝယ်ရီးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ပထမနန့် ဒုတိယအကြိမ် ဆန်တင်ပို့ရာတွင် ရက္ခိုင်ပြည်မှဆန် ပါဝင်ခြင်းဟိ၊မဟိ မသိရကေလေ့တတိယ အကြိမ် ဆန်တန်ချိန် ၂ သိန်းတင်ပို့ရာ၌ ရက္ခိုင်ပြည်မှ ဆန်တန်ချိန် ၂၅၀၀ ရာ ပါဝင်ခကြောင်း သိရသည်။
ဘင်္ဂလားဒေ့ချ်သို့ ဆန်တင်ပို့ရာ၌ ရက္ခိုင်ပြည်ကဝယ်ယူ ခွင့်နန့် ပတ်သက်၍ ရက္ခိုင်ဆန်ကုန်သည်တယောက်က ” ဆန် တန် ချိန် ၂ သိန်းမှာ ဆန်စပါးအဓိကထားလို့စိုက်ပျိုးနီရေ ရက္ခိုင်ပြည်က ၂၅၀၀ တည်းရာ ခွဲတမ်းပီးရေဆိုကေ ရက္ခိုင်စွာ အပုံ ၈၀ ပုံလို့ ၁ပုံရာအခွင့်ဟိရေ။ အေချင့်လား တန်းတူညီမျှမှုလို့ရာ မိန်းချင်ရေ” ဟု မှတ်ချက်ပြုလား ခသည်။
မြန်မာပြည်က ထွက်သည့် ဆန်များကို တရုတ်၊ဘယ်(လ်) ဂျီယံ၊ ကင်မရွန်း၊ အင်ဂိုလာ၊ ပိုလန်၊ နယ်သာလန်၊ စပိန်၊သီရိလင်္ကာ၊ဘင်္ဂလားဒေ့ချ်၊ဂျပန်၊ အင်ဒိုနီးသျှား၊ မလေးသျှား၊ ဖိလစ်ပိုင် စသည့်နိုင်ငံများက ဝယ်ယူနီကြောင်း သိရသည်။
Source – Ref; Military Council plans to increased rice exports to Bangladesh
Photo – BNI
