APM ၊ ဧပြီ ၁၂ / ၂၀၂၃
မင်းပြားမြို့နယ်၊ စအင်းရွာဟောင်းတွင် ဧပြီ ၁၀ ရက်နိက နီအိမ်တလုံးဖောက်ထွင်း ခံလိုက်ရပြီး ရွှီ ၉ ကျပ်သား အခိုးခံလိုက်ရ ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဖောက်ထွင်းခံရသည့် အိမ်ပိုင်သျှင်မှာ ဒေါ်ခင်မျှရီ (၄၄ နှစ်)ဖြစ်ပြီး ဧပြီ ၁၀ ရက်နိ၌ နီအိမ်အတွင်း လူမဟိစဉ် ဖောက် ထွင်းခံရခြင်းဖြစ်ကာ ရွှီ ၉ ကျပ်သားအခိုးခံလိုက်ရသည်ဟု ဆိုသည်။
အခိုးခံရသောရွှီ ၉ ကျပ်သား ထဲတွင် ၁၅ပဲရည်၊ ၁၆ပဲရည် နှစ်မျိုးလုံးပါဝင်ကြောင်းသိရသည်။
လက်ဟိ၌ အဆိုပါအမှုနန့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆီးမှုများ လုပ်ဆောင်လျက်ဟိကြောင်း သိဟိရသည်။
Please follow and like us: