
APM ၊ ဧပြီ ၁၂ / ၂၀၂၃
၂၀၂၃ ချန်ပီယံသျှိ၏ အကောင်းဆုံးနည်းပြ ဆန်ကာတင်စာရင်းတွင် ဘန်လေနည်းပြ ကွန်ပနီ၊ မစ်ဒယ်ဘရာ့ချ် နည်းပြ ကာရစ် နန့် ကွန်ဗန်ထရီစီးတီး နည်းပြ မာ့ခ်ရော်ဘင် ရို့ပါဝင်ကြောင်း သိရသည်။
အဆိုပါနည်းပြ ၃ ယောက်လုံးမှာ မိမိ၏အသင်းများအား အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပီးနိုင်သည့်အတွက် EFL ဆုပီးပွဲအတွင်း အကောင်းဆုံးနည်းပြ ဆန်ကာတင်စာရင်းမှာ ပါဝင်လာခြင်းဖြစ်သည်။
အသက် ၃၇ နှစ်အရွယ် နည်းပြ ကွန်ပနီ ကိုင်တွယ်သည့် ဘန်လေအသင်းသည် လက်ဟိချန်ပီယံသျှိ အမှတ်ပီးဇယားတွင် ရမှတ် ၉၀ ဖြင့် နံပါတ် (၁) နီရာက ရပ်တည်နီသည်။
အသက် ၄၁ နှစ်အရွယ် နည်းပြ ကာရစ် ကိုင်တွယ်သည့် မစ်ဒယ်ဘရာ့ချ် အသင်းမှာ လက်ဟိ ချန်ပီယံသျှိတွင် ရမှတ် ၆၈ မှတ်ဖြင့် နံပါတ် (၄) နီရာ၌ ရပ်တည်နီသည်။
ယင်းအပြင် အသက် ၅၃ နှစ်အရွယ် ရော်ဘင်ကလေ့ ကွန်ဗန်ထရီအသင်းကို Play off ကဇတ်ခွင့်ရမည့် နီရာသို့ ရောက် အောင် ကြိုးစားပီးခပြီး၊ အသင်းအား လက်ဟိ ချန်ပီယံသျှိတွင် ရမှတ် ၅၉ မှတ်ဖြင့် နံပါတ် (၉) နီရာ၌ ရပ်တည်နိုင်အောင် စွမ်းဆောင်ပီးခသည်။
ဆုရဟိသည့် ကံထူးသျှင်များကို လာမည့် ဧပြီ ၂၃ ရက် တလင်းဂနီနိ လန်ဒန်တွင်ကျင်းပမည့် EFL ဆုပီးပွဲအခမ်း အနား၌ ကြေညာလားမည်ဟုလေ့ သိဟိရသည်။
Source – EFL awards 2023: Vincent Kompany, Michael Carrick & Mark Robins in running for Championship manager of the season as shortlists are revealed
Photo – Talk SPORT
