
APM ၊ ဧပြီ ၁၂ / ၂၀၂၃
တရုတ်နိုင်ငံ၏ စီးပွားရီးသည် ယခု ၂၀၂၃ခုနှစ်တွင် ၅.၂ ရာခိုင်နှုန်း၊၂၀၂၄ ခုနှစ်တွင် ၄.၅ ရာခိုင်နှုန်း တိုးတက်လာ မည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဧပြီ ၁၁ ရက်နိ ထုတ်ပြန်ခသည့် ကမ္ဘာ့စီးပွားရီး အလား အလာ အစီရင်ခံစာတွင် ခန့်မှန်းဖော်ပြထားသည်။
“၂၀၂၃ ခုနှစ်တွင် တရုတ်၏ စီးပွားရီးတိုးတက်မှုသည် ၅.၂ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ပြီး မနှစ်ကထက် ၃ ရာခိုင် နှုန်း တိုးလာကြောင်း” ဧပြီ ၁၁ ရက်နိ ပြုလုပ်သည့် ကမ္ဘာ့စီးပွားရီးအလားအလာ သတင်းစာယှင်းလင်းပွဲတွင် IMF သုတေသန ဌာန ၏ ဒါရိုက်တာ Pierre-Olivier Gourinchas ကပြောကြားခသည်။
ယင်းအပြင် တရုတ်နိုင်ငံသည် ကိုဗစ်ကာကွယ်ရီးမူဝါဒများကို ချိန်ညှိပြီးနောက် စီးပွားရီးကို အားကောင်းမောင်းသန် ပြန် လည် လုပ်လာနိုင်ပြီး တရုတ်စီးပွားရီးတိုးတက်မှုသည် ကမ္ဘာ့စီးပွားရီးတိုးတက်မှု၏ အဓိကမောင်းနှင်အား ဖြစ်လာမည်”ဟု သူက ဆိုသည်။
၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရီးသည် ၂.၈ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ပြီး ၎င်းမှာ အယင်က ခန့်မှန်ထားချက် ထက် ၀.၁ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ခန့်မှန်းဖော်ပြထားသည်။
Source – IMF projects China’s economy to grow 5.2% in 2023
Photo – Xinhua
