
APM ၊ ဧပြီ ၁၂ / ၂၀၂၃
စပိန်လာလီဂါကလပ်ရီးရဲမက်ဒရစ်အသင်းသည် လီဗာပူးမှထွက်ခွာရန်ကြေညာထားသည့် တိုက်စစ်မှူးဖာမီနိုအား လာမည့်နွီရာသီတွင် ခေါ်ယူရန် စီစဥ်နီကြောင်း စပိန်သတင်းစာများ၏ဖော်ပြချက်အရသိရသည်။
ဘရာဇီးတိုက်စစ်မှူးဖာမီနိုသည် လီဗာပူးအသင်းတွင် ၈ နှစ်ကြာကဇတ်ပြီးနောက် အသင်းမှ စာချုပ်သစ် ကမ်းလှမ်းခကေ လေ့ ပယ်ချလိုက်ပြီး ၎င်းကိုယ်တိုင်အသင်းမှထွက်ခွာရန် ကလပ်အား အသိပီးထားသည့်အတွက် ရီးရဲ အပါအဝင် ဥရောပ အသင်းကြီးများမှ အလွတ်ပြောင်းရွိကြေးဖြင့် ခေါ်ယူရန် ပစ်မှတ်ထားလာနီခြင်းဖြစ်သည်။
စပိန်သတင်းစာ El Nacional ၏ အဆိုအရ ရီးရဲဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်သည် ဖာမီနိုကို ဆန်တီယာဂို ဘာနေ ဗျူးသို့ ခေါ်ယူရန် စောင့်ကြည်နီသည်ဟု ဆိုသည်။
ဖာမီနိုသည် ၂၀၁၅ ခုနှစ် ဟော့ဖန်ဟိမ်းအသင်းကနီ လီဗာပူးသို့ ပေါင် ၂၉ သန်းဖြင့် ပြောင်းရွိလာပြီးနောက် နည်းပြ ယာဂင် ကလော့ပ်၏ လက်အောက်တွင် အသင်းအတွက် ၃၅၉ ပွဲပါဝင်ကဇတ်ထားကာ ၁၀၉ ဂိုးသွင်းယူထား ကြောင်းသိဟိရသည်။
Source – Real Madrid are ‘considering a move for upcoming free agent Roberto Firmino this summer’
Photo – beIN Sports
