
APM၊ မာ့ချ် ၁၂/၂၀၂၅
လူသားချင်းစာနာ ထောက်ထားမှုအကူအညီပီးအပ်နီရေ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ( WFP) အနီနန့် တိုက်ပွဲပြင်းထန်နီရေ စစ်တွေမြို့က မထွက်ရုံသာမက ရက္ခိုင်တပြည်လုံးက အကူအညီလိုအပ်နီရေ လူတိကို ကူညီပီးနိုင်ဖို့အရေး အစွမ်းကုန် ကြိုးစားနီရေလို့ WFP တာဝန်ဟိသူတယောက်က DVB သတင်းဌာနသို့ ပြောကြားထားပါရေ။
DVB၏ သတင်း ဖော်ပြချက်အရ ယင်းWFP တာဝန်ဟိသူက ” ကျနော်ရို့ WFP အနီနန့် စစ်တွေမြို့မာ အခြီစိုက်ထားရေ ရုံးတိကို ပိတ်သိမ်းစွာမျိုးတိ မဟိရေအပြင် လတ်ဟိ ရက္ခိုင်တပြည်လုံးက အကူအညီလိုအပ်နီရေ လူတိအတွက် မဟိမဖြစ်လိုအပ်တေ စားနပ်ရိက္ခာ နန့် အာဟာရ အကူအညီတိ ပီးအပ်လားဖို့ကိုလည်း ကျနော်ရို့ အစွမ်းကုန်ကြိုးစားနီပါရေ” လို့ ပြောကြားထားပါရေ။
လူသားချင်းစာနာ ထောက်ထားမှုအကူအညီပီးအပ်နီရေ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) စွာ မာ့ချ်လ ပထမအပတ်ကစလို့ စစ်ဖီးယှောင်ပြည်သူတယောက်ကို ၂ လစာ ပီးအပ်ခပြီးနောက်ပိုင်း စစ်တွေမြို့က WFP ထွက်ခွာဖို့ယာလို့ ကောလဟာလ သတင်းတိ ထွက်ပေါ်ခပါသိမ့်ရေ။
ယေဇူးနန့် ယင်း ကောလဟလသတင်းစွာ မဟုတ်မှန်ကြောင်း WFP တာဝန်ဟိသူက DVB သို့ အဂုပိုင် ယှင်းလင်းပြောဆိုစွာ ဖြစ်ပါရေ။
WFP စွာ ကုန်ခရေ မေလပိုင်းကစလို့ စစ်တွေမြို့အပါးဟပ်စပ်က နီရပ်စွန့်ခွာ စစ်ဖီးယှောင်ပြည်သူ ၈၀၀၀ ကျော် ခိုလှုံနီရေ ကျောင်းပေါင်း ၅၃ ကျောင်းထဲက ၄၆ ကျောင်းကို ကူညီထောက်ပံ့ပီးထားရေလို့လည်း သိရပါရေ။
လက်ဟိ စစ်တွေမြို့ဝန်းကျင် နီရာတိမာ အာရက္ခတပ်တော် နန့် စစ်ကောင်စီရို့ကြားနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနီရေပိုင် စစ်ကောင်စီဖက်က လီကြောင်းတိုက်ခိုက်မှုတိနန့်လက်နက် ကြီးပစ်ခတ်မှုတိလည်း ဟိနီရေလို့ သိဟိရပါရေ။
