
APM၊ မာ့ချ် ၁၂ / ၂၀၂၅
အာရက္ခဒေသမာ ဒေဂုမာ့ချ်လဆန်းပိုင်းကစပနာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီစွာ တိုက်ပွဲနန့် မသက်ဆိုင်ရေ အရပ်သားပြည်သူရို့နီထိုင်ရာ မြို့၊ ရွာဒေသတိကို လီကြောင်းတိုက်ခိုက်မှုတိဆက်တိုက်ပြုလုပ်လာနီရေလို့ ဒေသတွင်းသတင်းတိအရ သိရပါရေ။
မာ့ချ် ၁ ရက်နိကစပနာ ၁၀ ရက်နိအထိ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရေ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းနန့် ဂွမြို့နယ်ရို့က ရပ်ရွာတချို့ကို ဂျက်တိုက်လီယာဉ်၊ဒရုန်းတိနန့် လီကြောင်းကဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၀ နီးပါးအထိပြုလုပ်ခပါရေ။
ယင်းလီကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ယောက်ထိခိုက်သီဆုံးခရပြီးကေ နီအိမ်စုစု ပေါင်း ၃၀၀ နီးပါး မီးလောင်ပြာကျလားခရပါရေ။
ယင်းအပြင် ဆီးရုံတရုံအပါအဝင် အဆောက်အအုံတချို့မာလည်းပျက်စီးခရပိုင် ဆန်အတောင်း (၁၀၀၀၀) လောက်မာလည်း မီးလောင်လားပြီးကေ နွားတကောင်မာလည်း မီးလောင်သီဆုံးခရပါသိမ့်ရေ။
ယင်းအပြင် အကြမ်းဖက် စစ်ကောင်စီရေ လက်ဟိ သူရို့ထိန်းချုပ်ထားရေ စစ်တွေနန့် ကျောက်ဖြူမြို့ရို့ဟိ တပ်ရင်း၊ တပ်စခန်းတိနန့် နေဗီတိကနီလည်း အပါးဟပ်စပ်က အပြစ်မဲ့ပြည်သူရို့နီထိုင်ရာ ရပ်ရွာတိကို လက်နက်ကြီးတိနန့် ဆက်တိုက် ပစ်ခတ်တိုက်မှုတိလုပ်ဆောင်လို့ ဟိပါရေ။
အာရက္ခဒေသတခုလုံးကို မကြာခင်လက်လွတ်ပီးရဖို့လို့ကြိုသိနီရေ စစ်ကောင်စီစွာ တိုက်ပွဲနန့်မသက်ဆိုင်ရေ အပြစ်မဲ့အာရက္ခပြည်သူလူထုရို့ကိုရာ ရန်သူပိုင်ပစ်မှတ်ထားပနာ လီကြောင်းကဗုံးကြဲတိုက်ခိုက်မှု၊ ဒရုန်းနန့် ဗုံးကြဲတိုက်ခိုက်မှုအပြင် လက်နက်ကြီးတိနန့်ပါ ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက်ခိုက်လို့ဟိနီပါရေ။
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရနီနန့်လည်း အာရက္ခဒေသနီပြည်သူလူထုရို့ကို လီကြောင်းအန္တရာယ် အထူး သတိထားကတ်ဖို့ လီကြောင်းရန် ပညာပီးဟောပြောစွာ၊ လက်ကမ်းစာစောင်တိ ဖြန့်ဝီစွာအပြင် လီကြောင်းရန် ကြိုတင်ကာကွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရဖို့အချက်တိပါရေ ဆိုင်းဘုတ်တိကို မြို့ရွာ၊ ဒေသတိမာ စိုက်ထူပျာ သတိပီး နှိုးဆော်လျက်ဟိကြောင်းသိရပါရေ။
Photo- Arakan Princess Media
