
APM၊ မာ့ချ် ၁၂/ ၂၀၂၄
ရက္ခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် (AA) နန့် တိုက်ပွဲတိကြောင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂၀၀ နီးပါးစွာ မာ့ချ် ၁၁ ရက်နိမာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံထဲသို့ ထွက်ဗြီးဝင်ရောက်လာခရေလို့ အာဏာပိုင်တိက ဆိုပါရေ။
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၇၉ ယောက်ရေ Jamchari နယ်စပ်ကင်းစခန်းကတဆင့် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ဘန်ဒါဘန်(ရွာတော်)ခရိုင်ဟိ နတ်ကျောက်ဆရီ မြို့နယ်ထဲသို့ ဝင်ရောက်ခစွာဖြစ်တေလို့ ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ် (BGB) ပြောရေးဆိုခွင့်ဟိသူ ချာရီဖူး အစ္စလာမ်က Benar News သတင်းဌာနသို့ ပြောကြားပါရေ။
နယ်ခြားစောင့်တပ်ဖွဲ့ဝင်တိ ဒေဂုပိုင် တိုက်ပွဲတိက ထွက်ဗြီးလာရရေ အခြေအနီစွာ မြန်မာပြည်မာ ဖြစ်ပွားနီရေ ပဋိပက္ခတိ၏ ရလဒ်ဖြစ်ကြောင်း ၎င်းက သုံးသပ်လားပါရေ။
ဘန်ဒါဘန်ခရိုင်၏ လက်ထောက်ကော်မသျှင်နာ Shah Mojahid Uddin က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တိ ထွက်ဗြီးရောက်ဟိနီကြောင်းကို အတည်ပြုထားပြီး မာ့ချ် ၁၁ ရက်နိက နယ်စပ်တလျှောက်မာ ပစ်ခတ်မှုတိဆက်လို့ဖြစ်ပွားနီရေ သတင်းတိကြောင့် ဒေသအာဏာပိုင်တိက အခြေအနီကို စောင့်ကြည့်နီရေလို့ ဆိုပါရေ။
နတ်ကျောက်ဆရီမြို့နယ်က ဒေသဆိုင်ရာအုပ်ချုပ်ရီးအဖွဲ့ဝင် ဆတ်ဘာအာမက်(၄၃ နှစ်)မာ နယ်စပ်က ပစ်ခတ်မှုတိအတွင်း ကျည်ဆံထိမှန်ခပြီး တင်ပါးဆုံ ထိခိုက်ဒဏ်ရာရဟိပနာ ကော့ဇ်ဘဇားဆီးရုံမာ ကုသမှုခံယူနီရကြောင်း သိရပါရေ။
မာ့ချ် ၁၁ ရက်နိက ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ထွက်ဗြီးဝင်ရောက်ခရေ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တိရေ ရက္ခိုင့်တပ်တော်(AA) နန့် တိုက်ပွဲတိကြောင့် ဒုတိယအကြိမ် အုပ်စုလိုက်ထွက်ဗြီးလာခြင်းဖြစ်တေလို့ ဆိုပါရေ။
ကုန်ခရေ ဖေဖော်ဝါရီ ၁၅ ရက်နိက ရက္ခိုင့်တပ်တော်(AA) နန့် တိုက်ပွဲတိကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်လောက် ထွက်ဗြီးခကတ်ပြီး၊ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တိကို ဘင်္ဂလားဒေ့ချ်အစိုးရက မြန်မာပြည်ဖက်သို့ ပြန်ပို့ခပါသိမ့်ရေ။
Source – Benar News သတင်းမာ မာ့ချ် ၁၂ ရက်နိ၊ မိုးထစောစော ၃ နာရီအချိန်က တင်ထားရေ “Nearly 200 members of Myanmars junta-affiliated Border Guard Police crossed the frontier into Bangladesh on Monday as they fled from fighting with Arakan Army(AA)” သတင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါရေ။
Photo – Benar News
