
APM၊ မာ့ချ် ၁၂/၂၀၂၄
မောင်တောမြို့နယ်မြောက်ပိုင်းဟိ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို ၂၀၂၄ ခုနှစ်၊ မာ့ချ် ၁၁ ရက်နိမာ ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ခရေလို့ ဒေနိ (မာ့ချ် ၁၂ရက်နိ)မာ သတင်းထုတ်ပြန်ပါရေ။
စခန်းသိမ်းတိုက်ပွဲအပြီးမာ ရန်သူ့အလောင်းတချို့၊ လက် နက်ခဲယမ်းတချို့ကိုသိမ်းဆည်းရမိခရေလို့ ရက္ခိုင့်တပ်တော်က ဆိုပါရေ။
အောင်သပြေနယ်ခြားစောင့်စခန်းမှ ဘင်္ဂလာဒေ့ချ်နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ဗြီးလားခရေ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အရေအတွက် (၁၇၉) ယောက် ဟိရေလို့ ထုတ်ပြန်ချက်က ဖော်ပြပါရေ။
ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ အောင်သပြေစခန်းအတွင်း ကျန်ခရေ စားနပ်ရိက္ခာတိမာ အဆိပ်တိကို သုတ်လူးထားခပိုင်၊ ရီဗူးတိမာလည်း အဆိပ်တိထည့်ထားခပြီးကေ စခန်းအတွင်းမာလည်း အဆိပ်တိဖြန်းထားခရေလို့ သိရပါရေ။
ယေဇူးနန့် အခြား တော်လှန်ရီးလက်နက်ကိုင်အဖွဲ့အစည်းတိအနီနန့်စခန်းသိမ်းတိုက်ပွဲတိမာ သိမ်းဆည်းရမိရေ စားနပ်ရိက္ခာတိကို သတိထားကတ်ဖို့ အထူးသတိပီးထားစွာကိုလည်း ရက္ခိုင့်တပ်တော်၏ မာ့ချ် ၁၂ ရက်နိ သတင်းထုတ်ပြန်ချက်ထဲမာ ထည့်သွင်းဖော်ပြထားပါရေ။


