
APM ၊ မာ့ချ် ၁၂ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံ ထားရသည့် မြောက်ဦးမြို့နယ်၊ တိန်ညိုရွာဟိ သာလီစွဆီဆိုင်ပိုင်သျှင်အမှုကို နက်ဖြန်(မာ့ချ် ၁၃ ရက်နိ)တွင် ရုံးထုတ်စစ်ဆီးမည်ဖြစ် ကြောင်း သိရသည်။
၁၇(၁)နန့် တရားစွဲခံထားရသည့် သာလီစွ ဆီဆိုင်ပိုင်သျှင်မှာ ဦးကျော်သိန်းလှိုင်(၄၆)နှစ် ဖြစ်သည်။
အမှုကို မာ့ချ် ၈ ရက်နိက မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခပြီး လိုပြသက်သီမရောက်၍ မစစ်ဆီးခဘဲ မာ့ချ် ၁၃ ရက်နိသို့ ရုံးချိန်းရွှိထားခြင်းဖြစ်သည်။
ဦးကျော်သိန်းလှိုင်သည် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်တွင်နီထိုင်သူဖြစ်ပြီး ကုန်ခသည့် ၂၀၂၂ ခုနှစ် အောက်တို ဘာ ၂၃ ရက်နိတွင် မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များက ၎င်းနီထိုင်ရာ ထမ္မရာဇ်ရပ်ကွက်မှ နီအိမ်ထဲသို့ ဝင်ရောက်ဖမ်းဆီးခခြင်း ဖြစ် သည်။
ယင်းနောက် ဦးကျော်သိန်းလှိုင်ကို စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်ထွန်းဆိုသူ တရားလိုလုပ်၍ မြောက်ဦးမြို့ တရားရုံး၌ ၁၇(၁)နန့် တရားစွဲထားခြင်း ဖြစ်သည်။
လက်ဟိတွင် ဦးကျော်သိန်းလှိုင်ကို မြောက်ဦးမြို့မရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရသည်။
