
APM ၊ မာ့ချ် ၁၁ / ၂၀၂၃
ထိုင်းနိုင်ငံတွင် အန္တရာယ်ဟိသည့် မြူခိုးများပိတ်ဖုံးခံထားရခြင်းနန့်အတူ လီထုညစ်ညမ်းမှု နန့် ဆက်နွယ်သည့်ရောဂါများကြောင့် လူပေါင်း ၁.၃၂ သန်းခန့်ရောဂါခံစားနီရပြီး တပတ်အတွင်း ဆီးရုံတက်ရသူ ၂ သိန်းနီးပါးအထိ ဟိလာသည်ဟု သိရသည်။
အဆိုပါ လီထုညစ်ညမ်းမူ နန့် ပတ်သက်၍ ပြည်သူ့ကျန်းမာရီးအမြဲတမ်းအတွင်းဝန် ဒေါက်တာ Opart Karkawinpong ၏အဆိုအရ လေထုညစ်ညမ်းမှုသည် PM2.5 ပြာမှုန့်များ၊ တောမီးများမှ မီးခိုးများနန့် လယ်ယာ အမှိုက်များကို မီးတိုက်ခြင်းမှ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။
ယင်းလီထုညစ်ညမ်းမူကြောင့်ဖြစ်ပေါ်လာသည့် PM2.5 သည် အဆုတ်အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်ကာ ခန္ဓာကိုယ်အတွင်း ကာလကြာရှည် တည်ဟိနီနိုင်ပြီး သွီးကြောအတွင်းသို့ ဖြတ်သန်းဝင်ရောက်နိုင်သည်ဟု သိရသည်။
အဆိုပါရောဂါကြောင့် နှလုံးသွီးကြောရောဂါ ၊ အသက်ယှူလမ်းကြောင်းဆိုင်ရာရောဂါ ၊ မျက်လုံးရောဂါ ၊ လီဖြတ်ရောဂါ နန့် ကင်ဆာရောဂါများကို ဖြစ်ပေါ်စီနိုင်သည်ဟု ဒေါက်တာ Opart Karkawinpong မှ ထပ်လောင်း ပြောကြားခသည်။
လက်ဟိတွင် ထိုင်းနိုင်ငံဟိ ပြည်နယ် ၁၅ ခုအတွင်း လီထု ၁ ကုဗမီတာကို ၅၁ မိုက်ခရိုဂရမ်ထက်ကျော်လွန်နီပြီး ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်၏ နည်းပညာမိတ်ဖက်ဖြစ်သည့် IQAir ၏ အဆိုအရ လီထုညစ်ညမ်းမူအထဲတွင် ချင်းမိုင်၏လီထုညစ်ညမ်းမှုသည် ကမ္ဘာပေါ်၌အဆိုးဆုံးဖြစ်သည်ဟုသိရသည်။
Source – Nearly 200,000 people seek treatment for air pollutionrelated diseases in Thailand
Photo – AP
