
APM ၊ မာ့ချ် ၁၂ / ၂၀၂၃
ကျောက်တော်မှ ဦးကျော်လှိုင်အား ရက်ရက်စက်စက်သတ်ဖြတ်ခသည်မှာ မြန်မာစစ်တပ် တပ်မ(၄၄)လက်အောက်ခံ ခမရ (၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ကိုယ်တိုင်ပါဝင်ခသူ မြန်မာစစ်သား၏ Myanmar Pressphoto Agency နန့် အင်တာဗျူးတခု၌ ဝန်ခံထွက်ဆိုထားချက်အရ သိရသည်။
ဦးကျော်လှိုင် (၃၁ နှစ်)သည် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်တွင်နီထိုင်သူဖြစ်ပြီး ကုန်ခသည့် ၂၀၂၀ ခုနစ်၊ ဂျူလိုင် ၇ ရက်နိက ၎င်း၏ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်သတ်ဖြတ်ခံရကာ အိတ်နန့်ထည့်ထားသည်ကို ဂစ္ဆပနဒီတန်းထားအနား၌ တွိဟိခရသည်။
ဦးကျော်လှိုင်အား သတ်ဖြတ်ရာ၌ ကိုယ်တိုင်ပါဝင်ခသူ တပ်သား ကောင်းမြတ်က ဦးကျော်လှိုင်ကို ကုန်ခသည့် ၂၀၂၀ ခုနစ်၊ ဂျူလိုင် ၂ ရက်နိ၌ ဘီယာဗူခွံများ ကောက်နီသည့်နီရာမှ ၎င်းကိုယ်တိုင်အပါအဝင် ခမရ ၉ တပ်ရင်းမှ တပ်ဖွဲ့ဝင်များကက မတရားဖမ်းဆီးကာ ကျောက်တော်မြို့ဟိ မြို့မရွှီကျောင်းဓမ္မာရုံသို့ ခေါ်ယူခကြောင်း ဝန်ခံ ထွက်ဆိုသည်။
ယင်းနောက် မတရားနှိပ်စက်ညှင်းပမ်းမှုများကြောင့် ဦးကျော်လှိုင်မှာ သီဆုံးလား၍ အလောင်းကိုလေ့ အပိုင်းပိုင်းဖြတ်ကာ မြီဆီအိတ် ထဲထည့်ပြီး မြစ်ထဲသို့ မျောချခကြောင်း သူကဆက်ပြောသည်။
တပ်သား ကောင်းမြတ်သည် ကိုယ်ပိုင်နံပါတ် “တ-၄၈၄၄၀၈” ဖြင့် အဆိုပါ ခမရ(၉) တွင်တာဝန်ထမ်းဆောင်ခသူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားသူဖြစ်သည်။
ဦးကျော်လှိုင်၏ အပိုင်းပိုင်းဖြစ်နီသည့် ရုပ်အလောင်းကို ကစ္ဆပနဒီတန်းထားအနာ၌ တွေ့ဟိခပြီးနောက် မိသားစုဝင်များက ၎င်းအမှုကို ကျောက်တော်မြို့မရဲစခန်း၌ တိုင်းချက်ဖွင့်ကာ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆီးမှုများပြုလုပ်ခကေလေ့ ထူးခြားမှုမဟိခကြောင်း သိရသည်။
