
APM ၊ ဖေဖော်ဝါရီ ၁၂ / ၂၀၂၅
မောင်တောမြို့နယ်က အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်ထောင်ထားခရေ မိုင်းနန့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် ပေါက်ကွဲမှု မကြာမကြာ ကြုံတွိနီရရေ မူဆလင်ရပ်ရွာအုပ်စုနယ်မြီတိမာ အာရက္ခတပ်တော်(AA)က မိုင်းယှင်းလင်းရီးကို အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်နီရေလို့ ဒေသခံတိက ပြောပါရေ။
မောင်တောမြို့ လသာရပ်ကွက်၊ ရွှီဇား၊ ရွှီဇား(ဂုံးနား)၊ အီတာလျာ၊ ကမ်းပိုင်းနား၊ ကပ်ဘေး၊စေတီပြင်စရေ ရပ်ရွာနယ်မြီတိမာ ဖေဖော်ဝါရီ ဒုတိယအပတ်ကစလို့ အာရက္ခတပ်တော်က မိုင်းယှင်းလင်းရီးကို အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်နီစွာ ဖြစ်ပါရေ။
မိုင်းယှင်းလင်းရီးလုပ်ဆောင်နီရေ ကာလအတွင်း လူနီအိမ်ခြံနန့် လမ်းဘေးဝဲယာတိမာ ထောင်ထားရေ မိုင်းအလုံးရေ ၃၀ ကျော်ကို အာရက္ခတပ်တော်မိုင်းယှင်းလင်းရီးတပ်ဖွဲ့ဝင်တိက ယှင်းလင်းနိုင်ခရေလို့ ဆိုပါရေ။
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီစွာ ယင်းရွာတိက လူနီအိမ်တိကို ခံတပ်စခန်းအဖြစ်ခုခံဖို့ အသုံးပြုခပြီးကေ အိမ်ခြံ၊ အိမ်ခြံဝင်ဝနန့် လူလားလမ်းတိမာ မြီမြှပ်မိုင်းတိကို ရာနန့်ချီ အသုံးပြု ထောင်ထားခရေပိုင်၊ လက်ပစ်ဗုံးတိကိုလည်း ကြိုးဆွဲစနစ်နန့် ပေါက်ကွဲစီအောင် ထောင်ချောက်ဆင်ပြုလုပ်ထားခစွာတိဟိရေလို့ သိရပါရေ။
အာရက္ခပြည်သူ့ တော်လှန်ရီးအစိုးရအနီနန့် မောင်တောအပါအဝင် အာရက္ခဒေသအတွင်း မိုင်းနန့် စစ်ကျန်လက်နက်အန္တရာယ် ပညာပီးဟောပြောပွဲတိ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပီးဆိုင်းဘုတ်တိ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပီး လက်ကမ်းစာစောင်တိ ဖြန့်ဝီစွာတိနန့် မိုင်းယှင်းလင်းရီး လုပ်ငန်းတိကို ဆက်တိုက်လုပ်ဆောင်လို့ ဟိနီပါရေ။
Photo – Arakan Princess Media





