
APM ၊ ဖေဖော်ဝါရီ ၁၂ / ၂၀၂၄
ဂွမြို့နယ်၊ ကျိန္တလီမြို့ကို ဒေနိ(ဖေဖော်ဝါရီ ၁၂ရက်နိ)၊ ညဇာပိုင်းမာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက်ခိုက်ခလို့ အရပ်သား ပြည်သူတယောက် ဒဏ်ရာရလားပြီးကေ အိမ်နှစ်ဆောင်ပျက်စီးလားကြောင်း ဒေသခံတိက ပြောပါရေ။
ဒဏ်ရာရလားလူစွာ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ်(၂)ရပ်ကွက်က ဦးချစ်ကြီး (၄၁ နှစ်)ဖြစ်ပါရေ။
ဒေနိ၊ ညဇာ ၄ နာရီလောက်မာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစီးစွာ ကျိန္တလီမြို့ကို ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခရေလို့ ဒေသခံတယောက်က Arakan Princess Media ကို ပြောပါရေ။
ယင်းဗုံးသီးတိစွာ အမှတ်(၂)ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခပြီးကေ ယင်းရပ်ကွက်က ဦးချစ်ကြီးမာ ကျည်စကျပနာ ထိခိုက်ဒဏ်ရာ ရလားရေပိုင်၊ အိမ် ၂ ဆောင်လည်း လုံးဝပျက်စီးလားပနာ၊ တခြား အပါးဟပ်စပ် နီအိမ်တိလည်း ထိခိုက်ပျက်စီးလားရေလို့ သိရပါရေ။
အလားတူ ဒေနိ တရက်တည်းမာပင် ဂွမြို့ကိုလည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက်ခိုက်ခသိမ့်ရေလို့ သိရပါရေ။
အချက်အလက် အပြည့်အစုံကို Arakan Princess Media က ဆက်လို့စုံစမ်းနီပါရေ။
ပုံစာ- ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နိ၊ ညဇာ ၄ နာရီအချိန်ခန့်၌ ဂွမြို့နယ်၊ကျိန္တလီမြို့၊အမှတ်(၂)ရပ်ကွက်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးလားခသည့် နီအိမ်များအား တွိရစဉ်(Arakan Princess Media)။

