
APM၊ ဖေဖော်ဝါရီ ၁၂ / ၂၀၂၅
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဖက် ပျဉ်းဝစစ်ဆီးရီးဂိတ်အနီးက ဘုရားတောင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ် စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းယူခရေလို့ ချင်းကာကွယ်ရီးတပ်-အရှို (CDF – Asho) က ဖေဖော်ဝါရီ ၁၁ ရက်နိမာ သတင်းထုတ်ပြန်ပါရေ။
ဖေဖော်ဝါရီ ၉ ရက်နိ၊ နိခင်း ၁ နာရီလောက်မာ ငဖဲမြို့နယ်၊ ပဒါန်းမြို့ အနောက်ဖက် ပျဉ်းဝစစ်ဆီးရီးဂိတ်အနားဟိ ဘုရားတောင်မာ တပ်စွဲထားရေ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်ခရေလို့ ဆိုပါရေ။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်တိဖက်က စကေချေလောက်ရာ ပြန်လို့ပစ်ခတ်တုံ့ပြန်ခပြီးကေ စခန်းစွန့်ခွာ ထွက်ဗြီးလားကတ်တေလို့ ဖော်ပြထားပါရေ။
CDF-Asho အနီနန့် ဘုရားတောင်စခန်းကုန်းဟိ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်၏ အဆောင်တိကို မီးတိုက်ဖျက်ဆီးခတေပိုင်၊ ပျဉ်းဝစစ်ဆီးရီးဂိတ်က အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်တိလည်း ပဒါန်းမြို့နားက စခန်းတိကို အသီးသီး ထွက်ဗြီးလားကတ်တေလို့ သိရပါရေ။
တိုက်ပွဲ အပြီး ၁ ရက်အကြာမာ ဘုရားတောင်စခန်းကုန်းနားဟိ ဂုတ်ဝနန့် ရေနွယ် အရှိုချင်းရွာတိက အပြစ်မဲ့ပြည်သူတိကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်က ဖမ်းဆီးခရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
Photo- CDF-Asho



