APM၊ဒီဇမ်ဘာ ၁၂ / ၂၀၂၃
စစ်တွေမာ ဒေနိ(ဒီဇမ်ဘာ ၁၂ ရက်နိ )ညဇာ ၄ နာရီလောက်က စစ်ကောင်စီ၏ နေဗီက အရပ်သားပြည်သူ ၃၀ ကျော်ကို အစုလိုက် အပြုံလိုက် အတင်းအဓမ္မ ဖမ်းဆီးလားခရေလို့ သိရပါရေ။
“ဒေနိ ဒီဇမ်ဘာ ၁၂ ရက်နိ ညဇာ ၄ နာရီလောက်မာ စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းအောက်မာ ကျောက်ချ ရပ်တန့်ထားရေ ဘုတ်တိ၊ဟွန်ဒါတိ နန့် သမ္ဗာန်တိက အရပ်သားပြည်သူ ၃၀ ကျော်လောက်ကို နေဗီက ဖမ်းလားပါရေ။ ပေါက်တောဖက်က ဘုတ်နန့် ဈီးပြုဖို့လာရေလူတိ၊ စာမိန်ပွဲဖြေဖို့ ကျောင်းသားတိ၊ နီမကောင်းလို့ ဆီးကုဖို့လာရေလူတိဆိုခါ ပေါက်တောဖက် က အများပါပါရေ။ နောက်ဘုတ်သမားတိ၊ ဟွန်ဒါသမားတိ၊ သမ္ဗာန်ကူးတို့သမားတိပါပါရေ။ ဇာကြောင့် ဖမ်းရေဆို စွာကိုတော့ ဖမ်းရေလူတိက မပြောကတ်ပါ။ ကမ်းနားရောက်စွာနန့် ဆွဲစွာဗျာယ်။ တချို့ကတော့ လမ်းပိတ်ထားစွာကို ကျော်လာလို့ ဖမ်းလာမသိ၊ ယင်းပိုင် ဝေဖန်နီကတ်ယင့်။ အမှန်က လက်နက်အားကိုးနန့် ပြည်သူကို အနိုင်ကျင့်စွာပါရာ” လို့ မျက်မြင်ဒေသခံ တယောက်က ပြောပါရေ။
လက်ဟိမာ အဖမ်းခံရရေ လူတိကို စစ်ကောင်စီက စစ်တွေမြို့ အမှတ် (၁)ရဲစခန်းမာ ထိန်းသိမ်းထားရေလို့ သိရပါရေ။
စစ်ကောင်စီစွာ ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်နန့် တိုက်ပွဲဖြစ်တိုင်း ဒေသခံအရပ်သားပြည်သူတိကို လူသားဒိုင်းကာအဖြစ် အသုံးချပနာ မတရား ဖမ်းဆီးလိဟိပါရေ။
ဒေဂုလည်း ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားချိန်ကစလို့ စစ်ကောင်စီတပ်က အရပ်သားပြည်သူတိကို နိတိုင်းဆိုပိုင် မတရားဖမ်းဆီးလျက်ဟိရာ နိုဗမ်ဘာ ၁၃ ရက်နိကနီ ဒေနိအထိ ရက္ခိုင်ပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီးထားကြောင်း သိဟိရပါရေ။