APM ၊ ဒီဇမ်ဘာ ၁၂ / ၂၀၂၃
ဒီဇမ်ဘာ ၁၁ ရက်နိ ညည့်မာ စစ်ကောင်စီစွာ မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာက အပြစ်မဲ့ပြည်သူ ၇ ယောက်ကို မတရားဖမ်းဆီးရိုက်နှက် သတ်ပုတ်ပနာ ပန်းမြောင်းရဲစခန်းထဲမာ ချုပ်နှောင်ထားရေလို့ သိရပါရေ။
ဖမ်းဆီးခံရရေလူတိမာ မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာက ဦးကျော်မင်းစိုး (၃၀ နှစ်)၊ ဦးသန်းမောင်ကြီး (၅၃ နှစ်)၊ ကိုကျော်ဆန်းထွန်း (၂၃ နှစ်)၊ ကိုဇော်မင်းဦး (၂၃ နှစ်)၊ ဦးလှထွန်းကျော်(၆၇ နှစ်)၊ ဒေါ်သန်းသန်း (၅၀ နှစ်) နန့် ဒေါ်စံပါယ်လှိုင်(၃၄ နှစ်) ရို့ဖြစ်ကတ်ပါရေ။
ပန်းမြောင်းရွာအုပ်စု အောင်မင်္ဂလာတောင်ကုန်းထက်မာ စခန်းချထားရေ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၂၀ ကျော်ရို့စွာ ဒီဇမ်ဘာ ၁၁ ရက်နိ၊ ညည့်က ပန်းမြောင်းရွာထဲမာ ညည့်အိပ်စခန်းချခပနာ လူသားဒိုင်းကာအဖြစ် ယင်းအပြစ်မဲ့ပြည်သူ ၇ ယောက်ကို နီအိမ်အသီးသီးက မတရားရိုက်နှက်သတ်ပုတ်ပနာ ဖမ်းဆီးခစွာဖြစ်ပါရေ။
လက်ဟိ ယင်းအပြစ်မဲ့ပြည်သူ ၇ ယောက်ကို ပန်းမြောင်းရဲစခန်းမာ ထိန်းသိမ်းချုပ်နှောင်ထားရေလို့ သိရပါရေ။
ရက္ခိုင်ပြည်မာ ကုန်ခရေ နိုဗမ်ဘာ ၁၃ ရက်နိကစလို့ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့အကြား တကျော့ပြန် တိုက်ပွဲတိဖြစ်ပွားလျက်ဟိရာ နိုင်ငံတဝှမ်း အယှုံးနန့်ဆိုးဝါးစွာ ရင်ဆိုင်နီရရေ စစ်ကောင်စီစွာ အပြစ်မဲ့ပြည်သူတိကို မတရားဖမ်းဆီးပြီးကေ လူသားဒိုင်းကာ အဖြစ်ပြုလုပ်စွာ၊ လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်စွာတိကို နိစဉ်ရက်ဆက် ဆက်တိုက်ပြုလုပ်လာနီပါရေ။