APM၊ ဒီဇမ်ဘာ ၁၂ / ၂၀၂၃
တအာင်းပြည်နယ်၊ နမ့်ခမ်းနန့် နမ့်ဆန်တိုက်ပွဲတိမာ စစ်ကောင်စီတပ်စွာ လက်နက်ကြီး၊ လီကြောင်းတိုက်ခိုက်မှုတိ ရာချီအသုံးပြုပြီးကေ နိတိုင်း ပစ်ခတ်တိုက်ခိုက်နီကြောင်း တအာင်းတပ်တော် TNLA က ဒေနိ(ဒီဇမ်ဘာ ၁၂ ရက်နိ) ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “တအာင်းပြည်နယ်၊ နမ့်ခမ်းနန့် နမ့်ဆန်တိုက်ပွဲမာ စစ်ကောင်စီတပ်က လက်နက်ကြီးနန့်သော်လည်း ကောင်း၊ လီကြောင်းတိုက်ခိုက်မှုနန့်သော်လည်းကောင်း နိတိုင်း ရာချီအသုံးပြုတိုက်ခိုက်နီပိုင်ပါရေ လို့ ဖော်ပြထားပါရေ။
ယင်းအပြင် စစ်ရီးပစ်မှတ်မဟုတ်တေ နမ့်ခမ်းမြို့နယ်က ကျေးရွာတိကိုလည်း နိတိုင်း ဦးတည်ပစ်ခတ်တိုက်ခိုက်နီရေလို့ ဆိုပါရေ။
စစ်ကောင်စီက ဒေနိမိုးထ ၈ နာရီ ၂၅ မိနစ်က နမ့်ခမ်းမြိုနယ်၊ စခန်းသစ် တိုက်ပွဲမာ Jet Fither နန့် (၂)ကြိမ်၊ Mi35 နန့် (၃)ကြိမ်၊ Y12 နန့် (၆)ကြိမ် စုစုပေါင်း ဗုံး (၁၈)လုံး ပစ်ခတ်တိုက်ခိုက်ခရေလို့ သိပါရေ။
အလားတူ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြိုနယ်ဖက်သို့လည်း စစ်ကောင်စီ၏ မန်တုံ (၁၃၀) တပ်စခန်းက လက်နက်ကြီးနန့် (၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခပိုင် Y12 လီယာဥ်နန့်လည်းနမ့်ဆန်မြိုနယ်အတွင်းသို့ ဗုံး(၄)ကြိမ် လာရောက်ကြဲချခပါရေ။
ညီနောင်မဟာမိတ်(၃)ဖွဲ့က စစ်ကောင်စီ စခန်းသစ်ကုန်းတပ်စခန်းကို တိုက်ခိုက်နီချိန်အတွင်းမာ စစ်ကောင်စီတပ်စွာ ဂျက်ဖိုင်တာနန့် (၂၁၅) ကြိမ်၊ Y8/Y12 လီယာဉ် (၆၂) ကြိမ်၊ Mi35 တိုက်ခိုက်ရီးရဟတ်ယာဉ်နန့် (၉)၊ ဓာတုအဆိပ်ငွိဗုံးနန့် (၃)ကြိမ်တိုက်ခိုက်ခရေပိုင် စစ်ကောင်စီ၏ မန်တတ်တပ်စခန်းနန့် နမ့်ဖတ်ကာတပ်စခန်းရို့ကလည်း လက်နက်ကြီးနန့် အကြိမ်ပေါင်း (၃၅၀) ထက်မနည်း အသုံးပြုတိုက်ခိုက်ခရေလို့ TNLA ၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။