APM ၊ ဒီဇမ်ဘာ ၁၂ / ၂၀၂၃
ရသေ့တောင်မြို့နယ်၊ ပြိန်းတောရွာနန့် အောင်ဇေယျ(ကုလားချောင်း) ရွာမာ စစ်ကောင်စီက စပါးရိတ်သိမ်းခွင့်ကို ပိတ်ထားရေလို့ ဒေသခံတိက ပြောပါရေ။
ဒေလအတွင်း စစ်ကောင်စီ၏တပ်မ (၂၂) လက်အောက် ခံ၊ မညှင်းတောင်အခြီစိုက် စစ်ကောင်စီတပ် ခမရ(၂၀၅) တပ်ရင်း က ပြိန်းတော နန့် အောင်ဇေယျ က လယ်သမားတိကို စပါးမရိတ်ကတ်ဖို့ တားမြစ်ခစွာဖြစ်ပါရေ။
လယ်သမားတိမာ လက်ဟိ ချက်ချင်းရိတ်သိမ်းဖို့ အရေးတကြီးလိုအပ်နီရေ ရင့်မှည့်စပါး ၄၇ ဧကဟိနီပြီးကေ ရိတ်သိမ်းချိန် လွန်လားပါက စပါးတိပျက်စီးဆုံးယှုံးလားဖို့ကိုလည်း အလွန်အမင်းပူပန်ကြောင်း လယ်သမားတိက ပြောပါရေ။
“မညှင်းတောင်စခန်းက ပြောစွာက သူရို့စခန်းနန့် မီတာ ၁၀၀၀ အတွင်း စပါးလုံးဝမရိတ်ကေ့။ ဝင်လာကေ ပစ်ရပါလိမ့်မေလို့ ပြောပါရေ။ကျနော်ရို့စပါးခင်းတိက မညှင်းတောင်နန့်ပါးခါ စပါးမရိတ်ရ ဖြစ်နီကတ်ပါရေ”လို့ လယ်သမားတယောက်က APM ကို ပြောပါရေ။
ဒေကြားထဲ တချို့လယ်သမားတိက အဆုံးယှုံးမခံနိုင်လို့ အရဲစွန့်ပနာ စပါးဝင်ရိတ်တေခါ မညှင်းတောင်အခြီစိုက် စစ်ကောင်စီတပ် ခမရ (၂၀၅) တပ်ရင်းက လက်နက်ချေတိနန့်ပစ်လို့ ထွက်ဗြီးလာကတ်ရရေလို့လည်း ဆိုပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီတပ်ရို့ ကုန်ခရေ နိုဗမ်ဘာ ၁၃ ရက်နိ တကျော့ပြန်တိုက်ပွဲတိ ပြန်ဖြစ်ချိန်ကစလို့ စစ်ကောင်စီစွာ ရက္ခိုင်ပြည်သူလူထုကို အဓိက ဦးတည်ပစ်မှတ်ထားပြီးကေ ကုန်လမ်း၊ ရီလမ်းတိအားလုံးကိုပိတ်ဆို့ဖြတ်တောက်ပနာ ရိက္ခာဖြတ်ခြင်းအပါအဝင် ဖြတ်လေးဖြတ် စစ်ဆင်ရီးကို လူမဆန်စွာကျင့်သုံးလို့ဟိနီပါရေ။