APM ၊ ဒီဇမ်ဘာ ၁၂ /၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၁၂ရက်နိ)မိုးထ ၈ နာရီကစလို့တရက်တည်းအတွင်း ရက္ခိုင်ပြည် မြို့နယ် ၆ ခုထက်မနည်းမာ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ချေတိအပြင် လီကြောင်း၊ရီကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နီကြောင်း ရက္ခိုင့်တပ်တော် AA က ဒေနိ၊နိခင်း ၁ နာရီ ကျော်မာထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “ရက္ခိုင်ပြည်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ မြိုနယ်ရို့ဟိစစ်ကောင်စီ၏ စခန်းတချို့သည် လက်နက် ကြီး၊လက်နက်ချေများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လီကြောင်း၊ ရီကြောင်းများမှလည်း လက်နက်ကြီး၊ လက်နက်ချေများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ ၁၂ ရက်နိ၊ မိုးထ ၈ နာရီက စတင်ပြီး ကြိုကြားကြိုကြား ပစ်ခတ်တိုက်ခိုက်လျက်ဟိသည်”လို့ ဖော်ပြထားပါရေ။
ယင်းအပြင် ပလက်ဝဒေသအတွင်းဟိ စစ်ကောင်စီ၏ စခန်းတချို့ကလည်း လက်နက်ကြီး၊ လက်နက်ချေတိနန့် ပစ်ခတ်တိုက်ခိုက်စွာတိအပြင် ဂျက်တိုက်လီယာဉ်တစီးနန့် ရက္ခိုင့်တပ်တော် သိမ်းပိုက်ရယူထားရေ “နှုးဘူးဗျူဟာ” ပတ်ဝန်းကျင်သို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခရေလို့လည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက် မာ ဖော်ပြထားပါရေ။